အခန်း ၅၉ မထိန်းချုပ်နိုင်ဘူး
အဆက်မပြတ်စီတန်းနေတဲ့ တောင်တန်းတွေ၊ ပိုးသားလိုတိမ်တွေနဲ့ လိမ္မော်ရောင်ကုတ်အင်္ကျီ အားလုံးက အလင်းထဲမှာ ဖုံးကွယ်နေတယ်။
သစ်သားအိမ်ပတ်လည်ရှိ လေထုက ရုတ်တရက်တိတ်ဆိတ်သွားတယ်။ အပူနဲ့ တိတ်ဆိတ်မှုက လူတွေကို မမြင်ရတဲ့ ဖိအားတစ်ခုပေးနေတယ်။
တောင်ပေါ်လမ်းကို နှစ်ရက်လမ်းလျှောက်ပြီးနောက်မှာ ချင်ယိထန်ရဲ့ ခြေချင်းဝတ်ကြွက်သားတွေက အရမ်းရောင်ပြီး နာနေတယ်။ သူက နာကျင်မှုသောကကို ဒေါသအဖြစ်ပြောင်းပြီး အော်ဟစ်လိုက်တယ်။ "ဒါဆို မင်းငါတို့ကို ဘာပြောနိုင်လဲ"
"အထူးတလည်ပြောစရာမရှိဘူး" NPC ရဲ့အမူအရာက မပြောင်းဘူး။
ချင်ယိထန် ဆဲတော့တယ်။ "ဖာခ့်"
"ဟားဟားဟား သူ မထိန်းချုပ်နိုင်တော့ဘူး"
မဂ္ဂဇင်းကို လှန်လှောကြည့်ရင်း လုယန်က အတော်ကြာတွေးနေတယ်။ သူမမျက်လုံးတွေကလှည့်လာပြီး နှုတ်ခမ်းတွေက ယဉ်ကျေးတဲ့အပြုံးတစ်ခုအသွင် ကွေးညွှတ်နေတယ်။ "မစ္စတာ NPC ရှင့်မှာ ကျွန်မတို့အတွက် မေးစရာများရှိလား"
"ငါမင်းတို့ကို မေးစရာရှိတာ ဘယ်လိုသိလဲ" NPC ရဲ့မျက်လုံးတွေကပြူးကျယ်သွားတယ်။
"ကျွန်မ ခန့်မှန်းလိုက်တာ" လုယန်ပြန်ဖြေတယ်။
သူမက မျက်တောင်ခတ် လိုက်တယ်။ သူမလေသံက ပုံမှန်နဲ့အရမ်းမကွာပေမဲ့ ဒီအခိုက်အတန့်မှာ ပျော်စေပြက်စေ ခံစားချက်ကြီးက မရှင်းပြတတ်အောင်ပဲ။
ဒါကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေတောင်ခံစားနိုင်တယ်။
အခြားတစ်ဖက်မှာ NPC က သူဟာ လုယန်ပစ်လိုက်တဲ့ လေဝဲပန်းကန်ပြားကို ပျော်ရွှင်စွာ ဖမ်းနေတဲ့ ခွေးတစ်ကောင်ဖြစ်လာသလို ခံစားလိုက်ရတယ်။
ကံကောင်းသူကစားသမားတွေက NPC နဲ့တွေ့ပြီး အလုပ်လုပ်နေစဉ် သူ့စိတ်ထဲမှာ ရုတ်တရက် တောက်ပသွားတယ်။ သူက မဝံ့မရဲမေးလာတယ်။ "ငါးကြင်းတွေ"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...