အခန်း ၆၁ သနားစရာ NPC
၇၃ က ဒါရိုက်တာ သူတို့ကိုပြောတဲ့ သဲလွန်စ။
ဧည့်သည်တွေက ၇၃ အကြောင်းမသိရင် သစ်သားအိမ်ကို သူတို့ဘယ်လိုရှာမှာလဲ။ စီစဉ်ရေးအဖွဲ့ရဲ့ မူလအစီအစဉ်က ဧည့်သည်တစ်ယောက်ကို ကျပန်းရွေးချယ်ပြီး သူ့ကိုပဲ သဲလွန်စတွေ လျှို့ဝှက်ပြောပြပြီး မစ်ရှင် ၃ကို ပြီးမြောက်စေမယ်ပေါ့။
ဒီလိုဖြေရှင်းနည်းက ဧည့်သည်တွေအတွက် အပြင်လူတစ်ယောက် ဖန်တီးပေးရုံတင်မကဘဲ ဖြတ်သွားဖြတ်လာဖန်တွေကို ဆွဲဆောင်နိုင်သလို ရှိုးမှာ ကြည့်ရှုနှုန်းမြင့်မားတဲ့ အပိုင်းတွေအဖြစ် ထပ်ပေါင်းနိုင်တယ်။
အနိုင် အနိုင်နဲ့ ပြီးပြည့်စုံတဲ့ အခြေအနေပဲ။
ဒါပေမဲ့ လုယန်ရဲ့ အခြေအနေတွေက သူတို့အစီအစဉ်ကို ရှုပ်ထွေးသွားစေတယ်။ သူတို့မှာ အခြားနည်းလမ်း မရှိတာကြောင့် အဲဒီအတိုင်းလိုက်ရုံပဲ တတ်နိုင်တယ်။
NPC က ရှောင်တိမ်းတယ်။ "မင်းတို့ ရှာတွေ့ပြီးပြီးဆိုတော့ ဒီပြဿနာကို ထပ်ပြောဖို့ မလို့တော့ဘူးလေ။ ဟုတ်တယ်မလား"
အမှန်တော့ သူ့မှာ အင်တာနက်အသုံးပြုသူတွေ မသိနိုင်တဲ့ သီးသန့်ဇာတ်ညွှန်းအစီအစဉ် ရှိတယ်။
လုယန်က မဂ္ဂဇင်းကို လှန်လှောနေရင်း ပြန်ဖြေတယ်။ "ဒါပေါ့"
NPC အပျော်လွန်သွားတယ်။
လုယန်ရဲ့ လက်ချောင်းတွေက စာရွက်ထောင့်ကို ကိုင်ထားရင်း အမှုမထားသလို ပြောလာတယ်။ "ရက်အနည်းငယ်အတွင်း လေမုန်တိုင်းရှိလိမ့်မယ်။ ပရိုဂရမ်အဖွဲ့ရဲ့ ရိုက်ကူးရေးကို ရပ်ဆိုင်းထားမှာလား"
"အဖြေက သိသာမနေဘူးလား။ ရိုက်ကူးရေးကို သေချာပေါက် ရပ်ဆိုင်းမှာပေါ့။ ဒီလိုမေးခွန်းမျိုးမေးတာက ဖြုန်းတီးတာပဲလေ"
"NPC ကိုကြည့်လိုက် အရိုက်ခံလိုက်ရတဲ့အတိုင်းပဲ။ လုယန်ကိုကြည့်တဲ့ သူ့အကြည့်တွေက မယုံကြည်နိုင်ဖြစ်နေတာ။ သူမ ဒီမေးခွန်းမေးမယ်လို့ သူ မမျှော်လင့်ထားဘူးဆိုတာ ငါသေချာတယ်"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...