အခန်း ၆၀ အရမ်း ထက်မြက်တယ်
သူ့စကားတွေက လုယန်ကို သူမငယ်စဉ်က ဘယ်လောက် ချူချာပြီး ရက်အနည်းငယ်လောက် ဆေးရုံမှာ နေခဲ့ရတယ်ဆိုတာ အမှတ်ရသွားစေတယ်။
လုမင်ယွဲ့က အိပ်ယာဘေးမှာနေရင်း သူမလက်ဖဝါးကို ဖြန့်ထားခဲ့တယ်။ သူက မျက်ရည်တွေကို သုတ်ရင်း ခပ်တိုးတိုးငိုရှိုက်နေခဲ့တယ်။
"စာအုပ်ထဲမှာ ဒါက အသက်လမ်းကြောင်းလို့ ပြောကြတယ်။ ဒီလိုလမ်းကြောင်းရှည်ရှိနေတဲ့ ယန်ယန်က ငါ့ထက်တောင် အသက်ရှည်ရှည်နေနိုင်မှာတဲ့။ ဒါပေမဲ့ သူမက ဘာလို့ ဆေးရုံးမှာ အဆုံးသတ်ရတာလဲ။ လူကြီးတွေက လိမ်တယ်။ ငါ့ညီမကို ပြန်ပေး"
အဲဒီအချိန်တုန်းက လုယန်ရဲ့ မျက်ခွံတွေက လေးလံပြီး အိပ်ပဲအိပ်ချင်နေတာမို့ သူမမျက်လုံးမဖွင့်နိုင်ဘူး။ အခု သူမ အဲဒီအကြောင်းကို တွေးမိလိုက်တော့ လုမင်ယွဲ့က သူငယ်ငယ်ကတည်းက ဟာသပါရမီရှိတာကို သူမရုတ်တရက်ခံစားလိုက်ရတယ်။
"ငါမှန်လား" လုမင်ယွဲ့ရဲ့ မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။
မြည်တမ်းနေတဲ့ မှတ်ဉာဏ်တွေက အရမ်းရှင်းလင်းနေသေးတယ်။ လုယန်ရဲ့ နှုတ်ခမ်းတွေက ပျော်ရွှင်တဲ့ အပြုံးတစ်ခုဖြစ်တည်လာတယ်။ သူမက ခံစားချက်ကောင်းနေပြီး မငြင်းဘူး။ "တစ်ထပ်တည်းပဲ"
သူမတွေးလိုက်တယ်။ "ငါ့အစ်ကိုက အမြဲ ငယ်ရွယ်ပြီး ရယ်စရာကောင်းတယ်"
"ငါ့ငယ်နာမည်က စေ့စပ်သေချာသူပဲ" လုမင်ယွဲ့က အနားမှာ ဘယ်သူမှမရှိနေသလို ဆက်ပြောတယ်။
"သူက ကိုယ်ရည်သွေးရတာကို ဝါသနာထုံနေတာပဲ"
"လုမင်ယွဲ့က အတွင်းနတ်ဆိုးဖြစ်ပြီးတော့ ချင်ယိထန်က အပြင်နတ်ဆိုးလို့ နင်မပြောဘူးလား။ အခု လုမင်ယွဲ့ရဲ့ နှလုံးသားက သူ့မျက်နှာထက် ဖြူတယ်လို့ ငါခံစားရတယ်။ သူက သူ့အတွေးတွေကို လုံးဝမဖုံးကွယ်ထားဘူး။ သူ့မျက်နှာကို ကြည့်လိုက်။ သူ့မျက်နှာပေါ်က ဘဝင်ခိုက်နေမှုက ကမ္ဘာကြီးကို သုံးခါပတ်ဖို့ လုံလောက်တယ်"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...