Part 100

67 12 0
                                        


100 01

အခန်း ၁၀၀ ကိုယ်မင်းကိုကြိုက်တယ် (၂)

ဖေးယိဝူက သူ့ကို တင်းတင်း ဆုပ်ကိုင်ထားပြီး ပြောတယ်။ "တောင်းပန်"

လုမင်ယွဲ့က အဆင်သင့်ဖြေတယ်။ "တောင်းပန်ပါတယ်"

ဖေးယိဝူ အံ့အားသင့်သွားတယ်။ သူမ အနိုင်ရပေမဲ့ သူမ လုံးဝမပျော်ဘူး။ သူက အမြန်တောင်းပန်ပြီး သူမကို နည်းနည်း အရေးမပါသလို ခံစားရအောင်လုပ်တယ်။

ဖေးယိဝူက ကြော့ကြော့မော့မော့ထရပ်ပြီး သူမအဝတ်မှာပေနေတဲ့ ဖုန်တွေကို ခါလိုက်တယ်။

လုမင်ယွဲ့က လုယန်ကို စိတ်ထင့်နေတဲ့ ခံစားချက်နဲ့ ပြုံးပြတယ်။

"ဘာဖြစ်တာလဲ" လုယန်က ဖေးယိဝူကို ကြည့်ပြီး ငြင်သာစွာမေးလိုက်တယ်။

ဖေးယိဝူက အမှန်အတိုင်းဖြေတယ်။ "ဘာမှမဟုတ်ပါဘူး။ ငါးနမ်းတာ ခံရတော့မဲ့ တစ်စုံတစ်ယောက်ကို ကယ်လိုက်ရုံပါ။ ဒါပေမဲ့ ငါ ဘာကျေးဇူးတင်မှုမှ ပြန်မရဘူး။ အဲဒီအစား အပြစ်တင်ခံရတယ်"

ဒါကို ကြားတဲ့အခါ လုယန်က သူမအသံကို တိုးပြီးခေါ်လိုက်တယ်။ "မင်ယွဲ့"

လုမင်ယွဲ့က ကိုးရိုးကားယားတုံ့ပြန်ကာ လည်ပင်းကို လက်တစ်ဖက်နဲ့ ပွတ်ပြီးပြောလာတယ်။ "ကျေးဇူးတင်ပါတယ်"

ဖေးယိဝူက သူမမေးကို အနည်းငယ်မော့လိုက်တယ်။ "ပြဿနာမရှိပါဘူး"

"အခုတော့ လုယန်နဲ့ ကျန်းယန်ကျိုးရဲ့ လေထုက ထူးဆန်းနေရုံတင်မကတော့ဘူး ဖေးယိဝူနဲ့ လုမင်ယွဲ့ပါ စလာပြီ..."

ခဏနားပြီးနောက် သူတို့လေးယောက်က အစီအစဉ်အတိုင်း ကမ်းခြေမှာ ဂဏန်းဖမ်းဖို့ သွားကြတယ်။

ပုံမှန်ဆို ပင်လယ်ရေတိမ်ပိုင်းမှာ ဂဏန်းကြီးတွေရှိပေမဲ့ သူတို့က သဲထဲ မြှုပ်နေတာမို့ ကြည်လင်တဲ့ ရေထဲမှာ သူတို့အရိပ်ကို မမြင်နိုင်ဘူး။

သူတို့လေးယောက်က ဝါးချွန်နဲ့ သဲကို ထိုးကြည့်ကြတယ်။ သူတို့ ဂဏန်းကို ထိရင် ဂဏန်းက လှုပ်ရှားလာကြီး သူ့ကိုယ်သူ ဖော်ပြလာတယ်။ သူတို့လက်တွေနဲ့ ထိခိုက်မိတာကို ရှောင်ဖို့ သူတို့ကို ဝါးခြင်းထဲ ကော်ထည့်တယ်။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now