အပိုင်း (၁၈): သေးလွန်းတယ် ကြာလွန်းနေပြန်ပြီ
လင်းရှင်းမုန့်မှာ ဘယ်အချိန်မဆို ကျရှုံးနိုင်တဲ့ အန္တရာယ်ရှိတာမလို့ သူမ အမှတ်တွေကို ပေးလိုက်ရုံကလွဲပြီး ရွေးစရာရှိမနေဘူး။
"လုယန်က ငါ့အတန်းဖော်လေ။ တကယ်လို့ လုမင်ယွဲ့ တစ်ခုခုဖြစ်ရင် သူမ စိုးရိမ်ပြီး စိတ်မကောင်း ဖြစ်နေလိမ့်မယ်"
လင်းရှင်းမုန့်က သူမ ဘယ်လောက်ထိ စဉ်းစားပေးထားတယ်ဆိုတာ ဖော်ပြဖို့ အတွေးထဲမှာ စကားလုံးတွေ စီလိုက်တယ်"ဆက်တိုက် မှတ်တမ်းယူနေတုန်းပဲလေ။ ငါတို့ ဘယ်သူ့အကူအညီမှ မပါဘဲ တာဝန်တွေ ပြီး အောင်လုပ်လို့မရဘူး။ သွားကြည့်ရအောင်ပါ"
ကျိုးမော့လီက ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်တယ်"ဟုတ်ပြီလေ"
အဲ့လိုမတွေးလိုက်တာက သူ့အမှားဖြစ်သွားနိုင်တာပဲ ။
သူတို့တွေ ကြားမှာ ဘာပြိုင်ပွဲမှ မရှိဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှု လည်း မရှိဘူးလေ။
"ဒါကနားလည်မှု လွဲတာ ဖြစ်နိုင်တယ်မလား" လင်းရှင်းမုန့်က ပြောလိုက်တယ်။
ချင်ယိထန်က သူမ ကို ကြည့်လိုက်တယ်။
"ရန်သူရဲ့ မိတ်ဆွေနောက်တစ်ယောက်" သူတွေးလိုက်တယ်။
ချင်ယိထန်ရဲ့ ရန်သူအဖြစ် သတ်မှတ်ခံလိုက်ရတာကို မသိခဲ့တဲ့ လင်းရှင်းမုန့်က ဝင်ဖြောင်းဖျဖို့ ကြိုးစားလိုက်တယ်"အကုန်လုံးက မိတ်ဆွေတွေ ပဲ လေ။ ဘာလို့ အငြင်းပွါးနေမှာ လဲ"
ချင်ယိထန်ရဲ့ လက်မောင်းနဲ့ လည်ပင်းက ခြင်ကိုက်ရာတွေကို မြင်တော့ သူမ ဆက်ပြောလိုက်တယ်"မနေ့ညက အကုန်လုံး ခြင်ကိုက်ခံရတယ်မလား။ ငါတို့ ရဲ့ ဦးစားပေးက တာဝန်ပြီး မြောက်အောင်လုပ်ပြီး ဒီကနေ အမြန်ဆုံးထွက်သွားဖို့လေ။ ကိစ္စသေးသေးလေးကို အငြင်းပွါးနေဖို့မဟုတ်ဘူး"
မျက်နှာသစ်နေတဲ့ ဝမ်ကျန်းက သွားတိုက်တံကို ကိုင်ကာ ပါးစပ်ထဲ အပြည့်ဖြစ်နေတဲ့ အမြှုပ်တွေကို ထွေးထုတ်လိုက်တယ်"ခြင်တွေ က ငါ့ကို မကိုက်ဘူး"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...