Part 90

168 22 0
                                        


90 01

အခန်း၉၀ ခေါင်းလှလှလေး

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက မှတ်ချက်တွေက ရုတ်ရုတ်သဲသဲဖြစ်နေတယ်။

ဝန်ထမ်းအဖွဲ့ဝင်က ဇဝေဇဝါဖြစ်နေမိတယ်။ သူက လှည့်လိုက်ပြီး လုယန် နဲ့ ကျန်းယန်ကျိုးရဲ့ပုံရိပ်က သူ့မျက်လုံးတွေထဲ ပေါ်လာတယ်။ သူက ကြက်သေသေသွားပြီး စိတ်တွေ ဗလာဖြစ်ကုန်တယ်။

သူတွေးလိုက်တယ်။ "သေစမ်း...ဘာတွေဖြစ်ကုန်တာလဲ။ သူတို့နှစ်ယောက်ကြားက လေထုက ဘာလို့ အရမ်းထူးဆန်းနေတာလဲ။ မဟုတ်သေးဘူး။ သူတို့ သုံးယောက်"

လုမင်ယွဲ့က လုယန်ရဲ့လက်ကောက်ဝတ်ကို လက်တစ်ဖက်နဲ့ ဖမ်းကိုင်ထားပြီး အခြားတစ်ဖက်က ကျန်းယန်ကျိုးရဲ့ လက်ကောက်ဝတ်ကို ကိုင်ထားတယ်။ သူက သူတို့လက်တွေကို အတူထားပြီး ပြင်းထန်စွာ ပြောလိုက်တယ်။ ကျန်းယန်ကျိုး မင်း ယန်ယန်ကို ကောင်းကောင်း စောင့်ရှောက်ရမယ်။ သူမ ခိုက်မိရင်ငါ မင်းကို ထိုးမယ်"

"လုမင်ယွဲ့က လုယန်ကို ကျန်းယန်ကျိုးဆီ အပ်နှံနေတာပဲ။ ဒါ မင်္ဂလာဆောင် မဟုတ်တာ သေချာလား"

"ဒါက တရားဝင်ကြေညာတာပဲ ဖြစ်ရမယ်။ ငါ ဂရုမစိုက်ဘူး။ ငါ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့ အထီးကျန်မင်းသားလေး ဒီ‌နှစ် လက်ထပ်ရမယ်"

"မျှော်လင့်ထားသလိုပဲ။ ကြည့်ကောင်းပြီး စုံတွဲရဲ့ခံစားချက်တွေက အကောင်းဆုံးပဲ။ သူတို့က တစ်နေရာတည်း အတူရှိနေတာ အရမ်းကြည့်ကောင်းတာပဲ။ ငါ့မှာ ပြောစရာ အများကြီး မရှိဘူး။ ဒါပေမဲ့ အရမ်းကောင်းတယ်။ ငါ့အတွက် ပိတ်ထားပေးနိုင်မလား"

လုယန်က ဇဝေဇဝါဖြစ်ပြီး သိချင်သွားတယ်။ "မင်ယွဲ့ ထပ်ပြီး ရူးသွားပြန်ပြီလား"

သူတို့ပဲ သီးသန့်ဆို အဆင်ပြေပေမဲ့ အခုရသစုံရှိုးရိုက်ကူးနေတာလေ။ သူက အရမ်းမရိုးသားတာပဲ။ သူ ဝေဖန်မခံရရင် ထူးဆန်းနေဦးမယ်။

လုယန်က သူ့လက်ကို ပြန်ယူပြီး ကျန်းယန်ကျိုးကို မော့ကြည့်လိုက်တယ်။ "တောင်းပန်ပါတယ်။ ကျွန်မအစ်ကိုက အတော်လေး ဖြောင့်မက်တယ်"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now