အခန်း ၄၀ မျှော်လင့်ထားသလိုပဲ
"လုယန် နင်တစ်ခုခုတွေ့လား" လင်းရှင်းမုန်ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းက လုယန် ဆီ ကိုင်းလာပြီး သူမ ခေါင်းကို နီးကပ်လာတယ်။
လုယန် ရဲ့ မျက်လုံးတွေက တွန့်သွားတယ်။ သူမရဲ့စူးစိုက်အကြည့်က လင်းရှင်းမုန့်အပေါ် နှစ်စက္ကန့်လောက်ရပ်သွားပြီးမှ လုမင်ယွဲ့ဆီ လွှဲဖယ်သွားတယ်။
လုမင်ယွဲ့က သူမရဲ့ အချက်ပြချက်ကိုရပြီး သူ့မျက်ခုံးကို ပင့်လိုက်တယ်။ "ငါ ဒါကို သိတယ်"
"ရှင်ဒီအကြောင်းကို သိတာလား" လင်းရှင်းမုန့်က ရှုပ်ထွေးသွားတယ်။
သူက ဆက်ပြောတယ်။ "ဒါက မှိုတစ်ပွင့်နဲ့ လိမ္မော်သီးပုံဆွဲထားတာ။ ပုံ ၁ မှာ လိမ္မော်သီးက လမ်းပေါ်က မှိုကို တိုက်မိပြီး မှိုက "လိမ္မော်သီး မင်း ငကန်းကောင် ငရဲကိုသွား" ဆိုပြီး ဟိန်းဟောက်နေတယ်။ ဒါကြောင့် ပုံ ၂ မှာ လိမ္မော်သီးက ဖုန်မှုန့်လေးဖြစ်ပြီး သေသွားတယ်။ အဲဒါကြောင့် ပုံ၂ မှာ လိမ္မော်သီးမရှိတော့ဘဲ မှိုပဲ ကျန်တာ"
"ငါပြောမယ် သူ့ရဲ့ သီအိုရီနဲ့ ဆွဲထားတာက တကယ် ဆက်နွှယ်မှုရှိတယ်"
ဒါကို ကြားတဲ့ အခါ လူတိုင်းအတွေးနက်သွားကြတယ်။
ဝမ်ကျန်းက မေးလာရင်း ဇဝေဇဝါဖြစ်နေတယ်" မှိုက လိမ္မော်သီးကို ဘာလို့သေစေတာလဲ"
လုမင်ယွဲ့က စီစစ်မှုက ယုတ္တိရှိပြီး ကျိုးမော့လီတောင် မမေးဘဲ မနေနိုင်။ "မှိုက လိမ္မော်သီးကို သေလို့ပြောတာနဲ့ လိမ္မော်သီးက တကယ် သေသွားတာလား"
လုမင်ယွဲ့က ကြက်သေသေသွားတယ်။ "အင်ပါယာရဲ့ အမိန့်တွေက လူတစ်ယောက်ရဲ့ ဘဝနဲ့ ဂုဏ်သိက္ခာကို အဆုံးသတ်ပေးမဲ့ အထူးအခွင့် အရေးတစ်ခုပဲလေ"
အဖြေကို စောင့်မျှော်နေတဲ့လူတိုင်းက ဆွံ့အသွားကြတယ်။
"သူက မှိုကို အင်ပါယာတစ်ယောက်အနေနဲ့ ရည်ညွှန်းပြီး လိမ္မော်သီးကို အင်ပါယာရဲ့ လက်အောက်ခံတစ်ယောက်အဖြစ် ရည်ညွှန်းထားတာ။ အဖွဲ့ဝင်ကောင်းပဲ...တကယ်ကို စကားလှည့်ထားတာဟ"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...