Part 35

1.1K 126 4
                                        


အခန်း ၃၅ ငါးထက် တုံး

"အင်း" လုယန် ခေါင်းညိတ်တယ်။ "ပင်လယ်ရေကို ကျိုပြီး ပင်လယ်ရေကနေ ဆားထုတ်ယူမယ်လေ"

ပရိုဂရမ်အဖွဲ့က ထောက်ပတဲ့ ရေက ရက်အနည်း ငယ်သောက်နိုင်သေးတယ်။ ဒီအခြေအနေမှာ ရေထောက်ပံ့ဖို့ အကြောင်း စိုးရိမ်နေစရာမလိုဘူး။

ဒါပေမဲ့ ပရိုဂရမ်အဖွဲ့က ဆီ၊ဆား၊ ဟင်းခက်အမွှေးအကြိုင်တွေကို မထောက်ပံ့ပေးသလို ဧည့်သည်တွေက မောလ်မှာလည်း မဝယ်နိုင်ဘူး။ သူတို့က သူတို့ကိုယ်တိုင်ပဲ လုပ်နိုင်တယ်။

"ငါ့အဖိုး တစ်ခါကပြောဖူးတယ်။ ပင်လယ်ရေကို ကျိုတာက သန့်စင်တဲ့ ဆားချက်ဖို့ ရှေးခေတ်က သုံးတဲ့နည်းတဲ့"

"ဒါက ဒီလိုလား။ သူတို့ တစ်ခုခု ချက်မယ်လို့ ငါထင်တယ်"

လုမင်ယွဲ့က ဒါကို အရင်က တစ်ခါမှ မကြားဖူးပေမဲ့ သူက တဝဲလည်လည် တွေးမနေဘူး။

"ယန်ယန် နင် မီး ဘယ်လို မွှေးမှာလဲ"

အကယ်၍ တစ်ယောက်ယောက်မှာသာ သူ့ရဲ့ အနီးမှုန် မျက်မှန်ရှိရင် သူက နေရောင်စုနည်းနဲ့ မီးကို မွှေးတတ်မှာ။

လုယန်က ‌မြေပြင်ပေါ်က သစ်သားကို ညွှန်ပြတယ်။ "ငါတို့ အဲ့ဒါကို ပွတ်တိုက်ပြီး မီးမွှေးလို့ရတယ်"

"သစ်သားနဲ့ မီးလုပ်တဲ့ လုပ်ရိုးလုပ်စဉ် နည်းလမ်းက ခက်ခဲတယ်လို့ သူတို့ပြောတယ် မဟုတ်ဘူးလား"

ကျိုးမော့လီက မီးခိုးထွက်အောင်လုပ်နိုင်ပေမဲ့ မီးတောက်ဖို့ တော့ ကျရှုံးသွားတယ်။ အခြားတစ်ဖက်မှာ ချင်ယိထန်က သစ်သားနဲ့ နာရီ‌ အတော်ကြာကုန်ဆုံးခဲ့ပေမဲ့ မီးပွားလေးတောင် မမြင်နိုင်သေးဘူး။

ဒီကနေမှ သစ်သားနဲ့ မီးမွှေးဖို့ ခက်ခဲတဲ့ စာရင်းထွက်လာတာကို မြင်နိုင်တယ်။

"ဒါက အခြေခံ သိပ္ပံပညာရပ်ပဲလေ။ ပစ္စည်းတွေက မပျက်စီးနေသရွေ့ မီးလုပ်ဖို့ မခက်ပါဘူး" လုယန် ပြုံးတယ်။

လုယန် ရဲ့ မျက်လုံးတွေထဲက အလင်းကို မြင်ပြီး

မရေမတွက်နိုင် ခံစားချက်တွေကို လုမင်ယွဲ့ ခံစားလိုက်ရတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now