94 01
အခန်း ၉၄ Stan (၃)
"ဖေးယိဝူရဲ့ ဒရာမာကွင်းခေါင်းစဉ်က အစင်းကြောင်းမရှိနိုင်ပေမဲ့ လုမင်ယွဲ့က ထိပ်တန်း ဒရာမာကင်းဆိုတာ ငါတို့ လက်ခံနိုင်တယ်"
"လုမင်ယွဲ့နဲ့ ဖေးယိဝူရဲ့ ဖန်တွေ အရမ်း အဆင်ပြေနေကြတာလား။ ဖျော်ဖြေရေးလောကရဲ့ ဥပဒေအရ တိုက်ခိုက်သင့်တာ မဟုတ်ဘူးလား"
လေထုက ခဏလောက် တိတ်ဆိတ်သွားတယ်။
ကျန်းယန်ကျိုးက ခေါင်းလှည့်လာတယ်။ သူ့နှုတ်ခမ်းပေါ်က အပြုံးတွေက မျက်လုံးထိ မရောက်ပဲ ပုံမှန်လေသံနဲ့ပြောလာတယ်။ "ကိုယ်လဲ တစ်ခု လိုချင်တယ်"
"ဖရဲစေ့လား" လုယန်က သူ့ကို တုံ့ဆိုင်းစွာကြည့်တယ်။ "မင်း ဖရဲစေ့လိုချင်ရင် ငါ့ကို ပြောလိုက်ရောပေါ့။ ငါက မင်းကို ဘာမှ မပေးမှာ မဟုတ်ပါဘူး"
လုမင်ယွဲ့က ဖရဲစေ့လက်တစ်ဆုပ်ကြီးအပြည့်လုယူပြီး သူ့နှလုံးသားထဲမှာ 'ထီးနန်းလု' ဖို့ စီစဉ်နေတဲ့ ကျန်းယန်ကျိုးရဲ့ လက်တွေထဲကို ထည့်ဖို့လုပ်တယ်။
ကျန်းယန်ကျိုး ဖရဲစေ့စားနေတာကို အင်တာနက်အသုံးပြုသူတွေများမြင်ရင် 'နံပါတ်တစ် အံ့ဖွယ်မျက်နှာပိုင်ရှင်' အဖြစ် သူ့ကို ရွေးမိတဲ့အတွက် သေချာပေါက် နောင်တရနေမှာ။ ကျန်းယန်ကျိုးက သူ့လက်ကို မြှောက်လိုက်တာကြောင့် လုမင်ယွဲ့ လွဲချော်သွားတယ်။
လုယန် ဇဝေဇဝါဖြစ်သွားတယ်။
သူတို့တကယ် ၂၅ နှစ်လား။
သူငယ်တန်းက ကလေးတွေတောင် သူတို့ထက်ပိုရင့်ကျက်တယ်။
လုယန်က ကျန်းယန်ကျိုးကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက နေရောင်အောက်မှာ ပယင်းရောင်တောက်ပနေတယ်။ သူရဲ့စူးစိုက်အကြည့်က သူမရဲ့ မျက်နှာကောက်ကြောင်းကို ဆွဲနေသလို သူမမျက်နှာပေါ် မလွဲတန်းကျရောက်နေတယ်။
ဒီလို မျက်နှာချင်းဆိုင် မျက်လုံးချင်းဆုံတာက အကြည့်တစ်ချက်နဲ့တင် ပြောင်းလဲသွားတဲ့ အမူအရာအသေးစိတ်ကို မြင်နိုင်ပြီး အမှောင်ထဲမှာ သူတို့နောက်ဆုံး မျက်လုံးချင်ဆုံတာထက် ပိုလို့တောင် ပုံမှန်မဟုတ်ဘူး။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...