အခန်း ၆၅ အခြေအနေ
လုမင်ယွဲ့ကို မီးခြစ်ပေးပြီးနောက် NPC က လုမင်ယွဲ့ဆီလျှောက်သွားကာ မီးခြစ်ကို တောင်းဆိုပြီး မီးစမွှေးလိုက်တယ်။
ကျိုးမော့လီက မစ်ရှင်အပေါ် အာရုံစိုက်နေတယ်။ သူက ကျောပိုးလွယ်အိတ်ကို အကြမ်းဖျင်းဖွင့်ပြီး သူ့အာရုံအားလုံးကို NPC ပေါ်မထားခင် ရေနည်းနည်းလောက် သောက်လိုက်တယ်။
ကျိုးမော့လီက NPC ကို အိုးငှားတော့မဲ့အချိန် NPC က ဘယ်ကမှန်းမသိတဲ့ ပရက်ရှာအိုး ယူလာတာကို သူမြင်လိုက်ရတယ်။
"အစ်မကြီး ဒါက သန့်ရှင်းတဲ့ အိုးအသစ်။ အားလုံး မင်းဟာပဲ" NPC က လုယန်ရှေ့မှာ ထုတ်ဖော်ပြဖို့လဲ မမေ့ဘူး။
"NPC က တောတောင်ထဲကို ပရက်ရှာအိုး တကယ်ယူလာတယ်။ ကြည့်ရတာ NPC က ဘဝကို ဘယ်လိုပျော်အောင် နေရမလဲ သိတဲ့ပုံပဲ"
လင်းရှင်းမုန့်က လုယန်ရဲ့ သက်တောင့်သက်သာဖြစ်နေတဲ့ အမူအရာကို ကြည့်ပြီး သူမ အထက် တန်းကျောင်းဘဝကို မတွေးဘဲ မနေနိုင်။
လုယန်က အရမ်းလျော့ရဲလို့ အတန်းဖော်တွေက သူမကို အပျင်းနတ်ဘုရားလို့ ခေါ်တာမဟုတ်ဘူး။ အဲဒါထက် သူမက ပုံမှန် ရိုးရာတွေကို ဂရုစိုက်ဖို့ အပင်ပန်းမခံတဲ့ ဂြိုလ်သားလို့ သူတို့ထင်တာကြောင့်ပဲ။
လုယန်ရဲ့ အသွင်အပြင်က ဂြိုလ်သားလိုပဲ အထူးသဖြင့် အထက်တန်းကျောင်းတုန်းကဆို သူမမျက်နှာက အခုထက် ပိုပြီး မျက်တွင်းချောင်နေတာ။
လုယန်က အမြဲတမ်း သူမရဲ့ ကိုယ်ပိုင်ကိစ္စတွေပေါ်မှာပဲ အရမ်းအာရုံစိုက်တတ်ပြီး အရမ်းပေါ့ပေါ့ဆဆပဲ။
သူမက ယှဉ်ပြိုင်မှုမရှိ အမြဲတမ်း ထိပ်ဆုံးပဲ။
လုယန် ဒုတိယအထက်တန်းကျောင်းကို ပထမဆုံး ပြောင်းလာချိန် ဘေးအခန်းက ကောင်လေးတစ်ယောက်က သူမကို မြင်မြင်ချင်း ချစ်မိသွားပြီး ပြတင်းပေါက်ကနေ အမြဲချောင်းကြည့်လေ့ရှိတယ်။
တစ်နေ့မှာ ကောင်လေးက လက်ရေးဝန်ခံစာကို ဘဝင်ခိုက်နေတဲ့ ပုံစံနဲ့ လုယန်ရဲ့ ခုံပေါ်ပစ်တင်ပြီး အော်ဟစ်လာတယ်။ "လုယန် ငါ့ရဲ့သင်္ချာစာမေးပွဲမှာ အမှတ်ပြည့်ရတဲ့အထိ ငါနင့်ကို သဘောကျတယ်"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...