Part 50

937 97 1
                                        


အခန်း ၅၀ နေမကောင်း

သောကရောက်နေတာက လုမင်ယွဲ့ တစ်ယောက် တည်းမဟုတ်ဘူး အင်တာနက်ရဲ့ အခြားတစ်ဖက်က ချန်စုလဲ တူတူပဲ။

သူက မှင်တတ်နေရင်း မျက်လုံးတွေပြူးကျယ်နေတယ်။

လုယန်က လုမင်ယွဲ့ရဲ့ ပုံရိပ်ကို ဆယ်ပေးတဲ့ ပျော်ရွှင်မှုမှာ သူနစ်မြုပ်နေတုန်းရှိသေးတယ်။ သူ့တာဝန်တွေပြီးလို့ တိုက်ရိုက်ထုတ်လွှင့်ခန်းကို ပြန်လာတဲ့အချိန် ဒီမြင်ကွင်းကိုနောက်ဆုံး မြင်လိုက်ရတယ်။

ဒါက အရမ်းထိတ်လန့်စရာကောင်းတယ်။

"လုယန်က ကျန်းယန်ကျိုးရဲ့ ဖန်လို့ တစ် ယောက်ယောက်ပြောတာ ငါကြားဖူးတယ်။ သူမ အိုင်ဒေါက သူမကို ဆုချီးမြှင့်တယ်။ ငါ ဒါကို အိပ်မက်တောင် မက်ရဲမှာ မဟုတ်ဘူး"

"ငါတို့ညီမလေးယန်က ပွင့်လင်းတာလား။ အခြားလူတွေအတွက်ဆို နှင်းဆီပန်းကို နမ်းနေတဲ့ကျားပေါ့နော်။ ဒါပေမဲ့ ညီမလေးယန်ဆို ကျားကို နမ်းနေတဲ့ နှင်းဆီပန်းပဲ"

"လုယန်က အရမ်းတည်ငြိမ်တာပဲ။ ငါသာ သူမဆို သူ့ကို ခုန်အုပ်လိုက်မိမှာ"

လုမင်ယွဲ့ရဲ့ အမြင်က မှုန်ဝါးနေပြီး လုယန်ကို အမြန်ခေါ်လိုက်တယ်။

"ယန်ယန်"

သူက သူမကို ထိတ်လန့်တကြားကြည့်ပြီး စိတ်ရှုပ်ထွေးနေတယ်။ "နင်ဘာလို့ သူ့လက်ကိုပဲထိပြီး ငါ့ကို မထိတာလဲ"

လုမင်ယွဲ့တွေးလိုက်တယ်။ "ငါက သူမအစ်ကိုလေ။ အဲဒီတော့ သူမက ငါ့ကို ဘယ်လိုလုပ်ခွဲခြားဆက်ဆံမှာလဲ။ ဒါ့အပြင် ငါက သူမအစ်ကိုအရင်း။ ယန်ယန်သာ ငါတို့ကြားခွဲခြားချင်ရင် သူမက ငါ့ကို ဘက်လိုက်ရမှာပေါ့"

လုယန်ရဲ့ စူးစိုက်အကြည့်က ကျန်းယန်ကျိုးရဲ့ လက်ကနေ လုမင်ယွဲ့ဆီပြောင်းသွားတယ်။ သူမအမူအရာက တည်ငြိမ်နေတယ်။ "မတူဘူးလေ"

"လုယန်က လက်စွဲလမ်းသူလို့ ငါ့ကိုမပြောနဲ့နော်"

"ကျန်းယန်ကျိုးရဲ့ လက်တွေက အရမ်းလှတယ်။ သူတို့မှာ လက်စွဲလမ်းစိတ်မရှိဘူးဆိုရင်တောင် လူတွေက သူတို့ကို ကြိုက်မှာ။ ယန်ယန် ငါ့ကိုကူပြီး ကျန်းယန်ကျိုးရဲ့လက်ကို ပိုထိပေးပါ"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now