81 01
အခန်း၈၁ မင်းကိုစိတ်လှုပ်ရှားစေ
သူ့ရဲ့တုံ့ပြန်မှုက သူမကို နည်းနည်းကသိကအောက် ဖြစ်သွားစေတယ်" နောက်ထပ်မေးခွန်း ငါသူ့ကို မေးသင့်လား မမေးသင့်ဘူးလား" လုပ်သင့် မလုပ်သင့်ကြား လုယန် အတွေးတွေက လွန်ဆွဲနေတယ်။
ဒီလေထုနဲ့သူမက နောက်ဆုံးမေးခွန်းပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။
"ရှင့်ရဲ့OCDက ပြင်းထန်လား ကျွန်မသိချင်တာ"
လုယန်က ခေါင်းမော့ပြီး သူ့မမျက်လုံးထောင့်တွေက အနည်းငယ်မြင့်နေတယ်။ သူမ မျက်လုံးတွေကအထဲမှာကြယ်တွေရှိနေသလိုတောက်ပနေတယ်။
"မျက်ခုံးတွေ မညီတာ မြင်ရင် နေရခက်လား"
ဒါကိုကြားတဲ့အခါကျန်းယန်ကျိုးက ရုတ်တရက်သူ့ခေါင်းကိုငုံ့လိုက်တယ်။ သူက ရှေ့ကိုကိုင်းပြီး စူးစိုက်အကြည့်ကသူမ မျက်ခုံးကနေမျက်လုံးတွေဆီကိုဖြည်းဖြည်းချင်းရွေ့သွားတယ်။ ကျန်းယန်ကျိုးက သူ့နှုတ်ခမ်းတွေပေါ်မှာအပြုံးဖျော့ဖျော့လေးပေါ်မလာခင်နှစ်စက္ကန့်လောက်ရပ်သွားတယ်။ "ဟင့်အင်း"
"သူအရမ်းနီးနေတယ်"သူမ အတွင်းကျိတ်တွေးလိုက်တယ်။
ဒီလို နီးကပ်တဲ့ အကွာအဝေးမှာ လုယန်က သူမ ရှေ့က လူကို အကန့်အသတ်မရှိ အကဲဖြတ်နိုင်တယ်။ ကျန်းယန်ကျိုးမှာ နက်ရှိုင်းလှပတဲ့ မျက်လုံးတွေ၊ပါးလျတဲ့ မျက်ခွံနှစ်ထပ်နဲ့မျက်တောင်ရှည်တွေ ရှိတယ်။ "သူက တော်တော်လေး ကြည့်ကောင်းတာပဲ"
သူမ ထင်မိတယ်။
ခဏကြာပြီးနောက် သူမက မျက်မှောင်ဖွဖွကြုတ်ပြီး မေးလိုက်တယ်။ "ကျွန်မ မျက်ခုံးတွေ မညီဘူးလား"
"မညီဘူး" ကျန်းယန်ကျိုးက ပြန်ဖြေတယ်။
"ဒါဆို ရှင် ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ" လုယန် မေးတယ်။
ကျန်းယန်ကျိုးက အတွင်းကျိတ် တွေးလိုက်တယ်။ "လက်ဦးမှု ယူရမဲ့ ငါ့ရဲ့ပထမဆုံးအကြိမ်ကို ကျရှုံးခဲ့ပါပြီ"
ကျောက်ယန်ရှုက ကျန်းကျင်းချီကို သူ့အခန်းဆီ ပြန်ပို့လိုက်တယ်။ သူက ကျန်းယန်ကျိုးကို တစ်ခုခုပြောစရာရှိတာ သတိရလိုက်တာကြောင့် အမှတ်တမဲ့ လျှောက်လာမိတယ်။ ကျောက်ယန်ရှု မော့ကြည့်လိုက်တဲ့ အချိန် လမ်းမှာပဲ ရပ်သွားတယ်။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...