အခန်း ၅ သူတို့ခေါင်းအနောက်တွေက ဆင်တူတယ်
ချန်စုက ဖုန်းခေါ်ဖို့ သုံးမီတာလောက်အဝေးကို အမြန်လျှောက်သွားလိုက်တယ်။
ဒီနေရာက လူနည်းပေမဲ့ ချန်စုက သူ့အသံကို အားမလိုအားမရ မြှင့်လိုက်တာကြောင့် လုယန်က အားလုံး ကို ရှင်းရှင်းလင်းလင်း ကြားနေရတယ်။
"သတင်းထောက်ကျန်း ခင်ဗျား ဒါက အရမ်းမဟုတ်သေးပါဘူးဗျာ။ လုမင်ယွဲ့က ဂီတဖျော်ဖြေပွဲမှာ ချင်ယိထန်ကို ကျိန်ဆဲပြီး ခင်ဗျားက လွန်ခဲ့တဲ့ ဆယ်စုနှစ်က သူတို့နှစ်ယောက်ကြား ဖြစ်ခဲ့တာတွေကိုပါ တူးဆွဖို့ အလျင်လိုနေတယ်။ ခင်ဗျားက လုမင်ယွဲ့က ချင်ယိထန်ရဲ့ နှာခေါင်းကို ထိခိုက်စေခဲ့ပြီး ချင်ယိထန်က လုမင်ယွဲ့ရဲ့မျက်နှာကို ရိုက်လိုက်တယ်လို့ ပြောပြီး မီးထဲ လောင်စာ ထပ်ထည့်နေတယ်"
သူ ဆက်ပြောတယ်။ "ဒါက ဘယ်လိုဟာသကြီးလဲ။ လုမင်ယွဲ့က ချင်ယိထန်ကို ဘာလို့ မနာလို ဖြစ်ရမှာလဲ။ ဒီနှစ်ရဲ့ ဂီတဖျော်ဖြေရေးပွဲတော်က ဘယ်လောက်တောင် အတုအယောင်ဆန်လဲ ငါတို့အား လုံးသိတယ်။ ငါတို့မှာ အတုအယောင်ကို မနာလိုဖြစ်နေစရာ အကြောင်းကို မရှိဘူးကွ"
...
လုယန်က ချန်စုရဲ့စကားဝိုင်းကို နားထောင်ရင်း သေလောက်အောင် ပျင်းလာတယ်။ လုမင်ယွဲ့နဲ့ ချင်ယိထန် ကြားက အငြင်းပွားရတဲ့ကိစ္စကို သူမ အကြမ်းဖျင်း နားလည်လိုက်တယ်။
သူတို့နှစ်ယောက်က ပြိုင်ဘက်တွေ။ ချင်ယိထန်က သူ့အလုပ်မှာ လုမင်ယွဲ့ထက်ပိုပြီး မတောက်ပနိုင်တာကို သိတာမို့ သူက ဆိုရှယ်အဆက်အသွယ်နဲ့ ဖြေရှင်းဖို့ ပြောင်းလိုက်တာ။ ချင်ယိထန်က သူ့ကို တိုက်ခိုက်လာအောင် ရန်စဖို့ လုမင်ယွဲ့ကို မကြာခဏ စော်ကားလေ့ ရှိတယ်။
တစ်ဖက်မှာ ချင်ယိထန်က လုမင်ယွဲ့ရဲ့ ကျော်ကြားမှုအပေါ် တက်စီးနေတယ်။ အခြားတစ်ဖက်မှာတော့ သူက လုမင်ယွဲ့အပေါ် စော်ကားနေတယ်။
လုမင်ယွဲ့က သူ့သီချင်းတစ်ပုဒ်တည်းနဲ့ ထိပ်တန်းဆယ်လီဘရစ်တီ အချို့ထဲက တစ်ယောက်အဖြစ် ရှင်သန်နိုင်တာက ဖျော်ဖြေရေးလောကရဲ့ စီးဆင်းမှုကို ထိန်းချုပ်နိုင်တဲ့ ချန်စုရဲ့ အားထုတ်မှုကို ကျေးဇူးတင်ရမယ်။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...