Part 78

311 35 1
                                        


78 01

အခန်း ၇၈ သူတို့နှစ်ယောက်ကြားက လျို့ဝှက်ချက်

ဒိုးနပ်က သကြားအရသာ မရှိဘူး။ သူတို့ နှစ်ယောက်လုံးက လျှာတွေပေါ် ဖြတ်ပြီးပျံ့နှံ့လာတဲ့ နွားနို့နဲ့ ချောကလက်အရသာကို ခံစားရင်း ပြုံးဖြဲဖြဲ လုပ်တယ်။

သူတို့နှစ်ယောက် ဝမ်းသာကျေနပ်နေကြတာ သိသာတယ်။

"အရမ်း အရသာရှိတာပဲ" ကျန်းကျင်းချီက မျက်စိလေးမှေးရင်း ပြုံးဖြဲဖြဲလုပ်နေတယ်။

သူမ ခန္ဓာကိုယ်တစ်ခုလုံးကနေ အားရကျေနပ်နေတဲ့ အရောင်အဝါတွေ ထွက်လာပြီး လုယန်က ငြင်သာစွာ တစ်ကိုက် ကိုက်လိုက်တယ်။ "ဂလူးကို့စ်က ဦးနှောက်အတွက် တစ်ခုတည်းသော စွမ်းအင်အရင်းအမြစ်ပဲ"

ကျန်းကျင်းချီက မျက်တောင်လေး ခတ်တယ်။ ခဏလောက် ရှုပ်ထွေးနေပြီးနောက် သူ့မျက်လုံးတွေကို တစ်ဖန် တောက်ပလာပြန်တယ်။ "ဒါဆို သားရှုရှုစားဖို့ ပြန်ယူသွားရမယ်"

သူ အတွင်းကျိတ် တွေးလိုက်တယ်။ "ငါ့ရှုရှုက အရမ်းဉာဏ်မကောင်းဘူး။ မမယန်ယန်လို ဉာဏ်ကောင်းအောင် သူပိုစားရမယ်"

လုယန်က သူမရဲ့ matcha လက်တေးကို တစ်ငုံသောက်လိုက်တယ်။ သူမ မော့ကြည့်လိုက်ချိန် တစ်စုံတစ်ယောက်ရဲ့ ပြုံးနေတဲ့ မျက်လုံးတွေနဲ့ ဆုံသွားတယ်။

"ကျန်းယန်ကျိုး"

အမျိုးသားရဲ့ mask နဲ့ ဦးထုပ်က မျက်လုံး မြင်နိုင်ရုံလေးချန်ပြီး သူ့မျက်နှာကို လုံးဝဖုံးထားတယ်။ ဒါပေမဲ့ လုယန်က ကျန်းယန်ကျိုးကို သူ့ရဲ့လှပတဲ့ မျက်လုံးတွေကနေ ချက်ချင်း သိနိုင်တယ်။

သူမ မှင်တတ်နေချိန် ကျန်းကျင်းချီက စိတ်လှုပ်ရှားစွာ ထရပ်ပြီး အပြစ်ကင်းစင်တဲ့ အသံလေးနဲ့ အော်တယ်။ "ရှုရှု၊ ကျောက်ရှုရှု"

လုယန်က ကျန်းကျင်းချီကို ဇဝေဇဝါကြည့်ပြီးနောက် ကျန်းယန်ကျိုးကို ကြည့်တယ်။

ကျောက်ယန်ရှုက သူ့လည်ချောင်းကို ရှင်းပြီး ချိုသာတဲ့ အသံ‌အတွက် လျို့ဝှက်လေ့လာထားတဲ့ အသံထွက် နည်းပညာကို သုံးလိုက်တယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now