အခန်း ၆၆ လက်ကိုင်ပန်ကာ
NPC ရဲ့ထူးဆန်းတဲ့ သစ္စာဖောက်မှုက ဒါရိုက်တာကို သံသယဝင်သွားစေတယ်။
ဒါနဲ့ပဲ သူ အရေးပေါ် အစည်းအဝေး ခေါ်လိုက်တယ်။
အစည်းအဝေးခန်းတစ်ခုလုံးရဲ့လေထုက လေးလံနေတယ်။ ဒါရိုက်တာ မျှော်လင့်ထားသလိုပဲ။ စီစဉ်ရေးအဖွဲ့ဝန်ထမ်းတွေ အားလုံးက သူတို့ခေါင်းကိုငုံ့ထားပြီး အသက်တောင် သတိထား ရှူနေကြတယ်။
ဒါရိုက်တာက အမျက်ချောင်းချောင်း ထွက်လာတယ်။ "NPC မှာ ဘာလို့ ဖရဲစေ့နဲ့ ပရက်ရှာအိုး ရှိနေတာလဲ"
သူတို့ထဲက တစ်ယောက်က အားနည်းစွာပြန်ဖြေတယ်။ "NPC က ခိုးသယ်လာတာဖြစ်မယ်"
"မင်းတို့ ကောင်တွေ ပြဿနာရှိမရှိ မစစ်ဘူးလား"
ဝန်ထမ်းတွေက သေချာဂရုမစိုက်ကြပေမဲ့ တာဝန်ကို ခေါင်းရှောင်နေကြဆဲဖြစ်ပြီး သူတို့အမှားကို ဝန်ခံဖို့ ငြင်းဆိုနေကြတယ်။
ဒါရိုက်တာက သက်ပျင်းချပြီး အသံနိမ့်နိမ့်နဲ့မေးတယ်။ "မစ်ရှင် ၃ နဲ့ ၇ ကို ဘယ်သူစီစဉ်တာလဲ ငါ့ကိုပြော"
ဝန်ထမ်းနှစ်ယောက်က သူတို့လက်တွေကို ကြောက်ကြောက်လန့်လန့် မြှောက်ပြလာတယ်။
"အစပိုင်းမှာ သဲလွန်စမရှိပေမဲ့ နောက်ဆုံးကြတော့ ဘာလို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ"
ဒါရိုက်တာ မျက်မှောင်ကြုတ်ပြီး ဆက်ပြောတယ်။ "လုယန်က သူမဉာဏ်ကောင်းလို့ မစ်ရှင်ကို ဖြေရှင်းနိုင်တယ်။ သူမက အဲဒါကို ဖော်ထုတ်ဖို့ သဲလွန်စအများကြီး မလိုဘူး"
ပရိသတ်တွေပဲ ရှုပ်ထွေးနေတာမဟုတ် ဒါရိုက်တာတောင် ရှုပ်ထွေးနေတယ်။
နိမိတ်ပြတာ အများကြီးမရှိပေမဲ့ လုယန်က အဲဒါကို အကြောင်းပြချက်နဲ့ စီစစ်နိုင်တယ်။
လုယန်က အဖြေကို သိပြီးသားလို့ ပရိသတ်တွေ သံသယဝင်နိုင်ပေမဲ့ ဒါရိုက်တာတော့ မဟုတ်ဘူး။ လုယန်က မစ်ရှင်သဲလွန်စတွေကို မသိတာ သူသိတယ်။
မစ်ရှင် ၃နဲ့ မစ်ရှင် ၇ ကို တာဝန်ယူတဲ့ လူနှစ်ယောက်က အရမ်းအပြစ်ရှိစိတ် ခံစားရပြီး တုန်ယင်နေကြတယ်။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...