97 01
အခန်း ၉၇ ရှင် ကျွန်မကို ကြိုက်လား
"သူမ ရှိနေရင် သူတို့နှစ်ယောက်လုံးကို မကယ်ဘဲ လောင်စာနည်းနည်း ထပ်ထည့်ပစ်မယ်လို့ လုယန် တွေးနေတာပဲဖြစ်မယ်"
"ဒီမေးခွန်းရဲ့ အဖြေမှန်က "တစ်ယောက်ယောက်ကို အရင်ကယ်" ဆိုတာထက် "အရင်မီးငြှိမ်းသင့်တာ" "
"ငါက ကျန်းယန်ကျိုးရဲ့ အရိုးစွဲဖန်ဆိုပေမဲ့ ဒီအခိုက်အတန့်မှာ.ငါ မအော်ဘဲ မနေနိုင်ဘူး။ တိုက် တိုက် ချောမောခန့်ညားတဲ့ ယောကျာ်းနှစ်ယောက် တိုက်ခိုက်နေတာကို ကြည့်ရတာ မျက်လုံးထဲ သေချာပေါက် ကျေနပ်စရာကောင်းနေမှာ"
လုယန်က မျက်မှောင်နည်းနည်းကြုတ်ပြီး သူမစူးစိုက်အကြည့်က ရှည်မြောမြော အမျိုးသားနှစ်ယောက်ဆီရောက်သွားပြီး သူမရဲ့ နူးညံ့တဲ့ ချယ်ရီရောင်နှုတ်ခမ်းတွေ လှုပ်ရှားသွားတယ်။ "မီးကို ငါ မွှေးတာရော မဖြစ်နိုင်ဘူးလား"
လုမင်ယွဲ့က ခေါင်းအမြန်ခါတယ်။ "ဘယ်လိုဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ ယန်ယန်မီးမွှေးတာဆိုရင် ငါက သေချာပေါက် မီးထဲကျနေတဲ့ သူဖြစ်မှာ မဟုတ်ဘူး"
သူက ကျန်းယန်ကျိုးကို ပြောနေတာ သိသာတယ်။
လုမင်ယွဲ့က ကျန်းယန်ကျိုးကို အနိုင်ရရမဲ့ အခွင့်အရေးကို လွဲချော်မခံဘူး။
လုယန် ဆွံ့အသွားတယ်။
သူမရဲ့ အရူးအစ်ကိုကို ထိန်းချုပ်ဖို့ အကာအကွယ်ကောင်းကောင်းနဲ့ မကောင်းဆိုးဝါး လှောင်တဲ့ မျှော်စင်တကယ် ဝယ်ချင်လာပြီ။
လုယန်ရဲ့ စူးစိုက်အကြည့်က နည်းနည်းလေးနက်လာပြိး သူမက သူ့နာမည်ကို ခေါ်လာတယ်။ "မင်ယွဲ့"
လုမင်ယွဲ့က နှုတ်ခမ်းဆူပြီး နောက်ဆုံး သူ့ကိုယ်သူထိန်းလိုက်တယ်။ "ကောင်းပါပြီ ငါနင့်ကို ထပ်ပြီး မစတော့ပါဘူး"
"သွေးဖိနှိပ်မှုက နောက်ထပ်ပေါ်လာပြန်ပြီ ဟားဟားဟား"
"လုယန်က လုမင်ယွဲ့ရဲ့ နာမည်ကို ခေါ်လိုက်သရွေ့ လုမင်ယွဲ့က ချက်ချင်း အသက်ပြင်းပြင်းတောင် မရှူရဲတော့ဘူး။ သူတို့မိသားစုရဲ့ သွေးစီးမှုက တိုးလာတာလား။ မျိုးဆက်တစ်ခုစီတိုင်းက နောက်တစ်ခုထက် ပိုသန်မာလာတာလား"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...