Part 32

1.3K 137 1
                                        


အခန်း ၃၂ ချောမောခန့်ညားတဲ့ အမျိုးသား

ခြိုးခြံချွေတာရာကနေ ပြည့်စုံကြွယ်ဝစွာနေဖို့ လွယ်ကူပေမဲ့ ပြည့်စုံကြွယ်ဝတဲ့ ဘဝကနေ ခြိုးခြံချွေတာဖို့ က ခက်ခဲတယ်။

အခြားဧည့်သည်တွေက ကောက်ချက်ချနေချိန်

လုယန် ရဲ့ လက်ရှိ စိတ်သဘောထားက ယခင်ကအတိုင်းပဲ။

ရေထဲရှိ ငါးအားလုံးက သဘာဝအလျောက်ကြီးထွားပြီး တမင်သက်သက် အမဲလိုက်ဖမ်းဆီးတာမျိုး မရှိတဲ့အတွက် အရမ်းများရုံသာမက ကြီးလဲကြီးတယ်။

လုယန်က အာရုံစိုက်ပြီး သုံးကောင် ပိုဖမ်းလိုက်တယ်။

သူမက ဝါးကို ခွဲပြီး ငါးသုံးကောင်ကို ချိတ်ဆွဲလိုက်တယ်။ ရောင့်ရဲတင်းတိမ်စွာပဲ သူမက မှိန်းကို ကျောပေါ်သယ်ပြီး အခြားလက်တစ်ဖက်မှာ ငါးကို သယ်လိုက်တယ်။

ဝမ်ကျန်းက အမှိုက်ကောက်နေတယ်။ လုယန်ကို မြင်တဲ့အခါ သူမ အံ့အားသင့်သွားတယ်။ "ဝါး နင် ငါးတွေအများကြီး ရလာတာပဲ"

"အပို ဘာအပိုလဲ" ချင်ယိထန်က အတော်ကြာ အမှိုက်ကောက်ပြီးနောက် အနည်းငယ် ပင်ပန်းလာတယ်။

"မဟုတ်ဘူး။ ကျွန်မက လုယန် ငါးတွေအများကြီး ဖမ်းမိလာတဲ့ အကြောင်းပြောတာ"

ချင်ယိထန်က လုယန်ကို ထိတ်လန့်တကြား ကြည့်လိုက်တယ်။ အစောပိုင်းက သူပြောခဲ့တာကို အမှတ်ရပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ ကြိုးစားလိုက်တယ်။

"နေရောင်အရမ်းတောက်ပလို့ နေရောင်မှိန်းနေတဲ့ ငါးဖြစ်မှာပေါ့။ သူမက ကမ်းခြေက အတိုအစတွေ ကောက်လာတာ နေမှာ"

"လုယန်က ဘယ်လိုလုပ် ငါးဖမ်းနိုင်မှာလဲ။ ဒါကလုံးဝမဖြစ်နိုင်ဘူး။ လုယန်က ငါးလိုက်တာ ခံရတဲ့ သူလိုပဲကို။ သူမက ဘယ်လိုလုပ် ငါးဖမ်းနိုင်မှာလဲ" သူ တွေးလိုက်တယ်။

ဝမ်ကျန်းက တံတွေးမြိုချလိုက်တယ်။ ချင်ယိထန်က သူ့စကားကို လက်ကိုင်ထားနေသေးတာ သတိ ပြုမိတဲ့အချိန် သူမက စောင်းငဲ့ကြည့်လိုက်တယ်။

"ငါးက ရေအောက်မှာနေတာလေ နေရောင်အောက်မှာနေတဲ့ ကျွန်မတို့ နှစ်ယောက်လို မဟုတ်ဘူး။ ကျွန်မတို့က နေရောင်ကို အကြာကြီးကြည့်ရင် ကျွန်မတို့အမြင်က မှုန်ဝါးလာလိမ့်မယ်"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Donde viven las historias. Descúbrelo ahora