101 01
အခန်း ၁၀၁ ကိုယ်မင်းကို ကြိုက်တယ် (၃)
ကျန်းယန်ကျိုးရဲ့ အိတ်က တဲထဲကို ဝန်ထမ်း ရွေ့ထည့်ပေးထားပြီးပြီ။ တဲထဲမှာ ကင်မရာရှိပေမဲ့ အိပ်တဲ့နေရာဖြစ်တာမို့ နောက်ပိုင်း ဖယ်ရှားလိုက်တယ်။ အထုတ်ကိုလဲ အပြင်မထုတ်ဘူး။
ဒါကြောင့် လုယန် နဲ့ ကျန်းယန်ကျိုး တဲထဲဝင်သွားပြီးနောက် သူတို့ပုံရိပ်တွေကို တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ မမြင်နိုင်တော့ဘူး။
"ငါ ကျန်းယန်ကျိုးကို ကြည့်ဖို့ ဒီကို အထူးတလည်လာတာလေ။ ဒါပေမဲ့ သူက မျက်စိတစ်မှိတ်အတွင်းပျောက်သွားတယ်"
"သူတို့က စကားအများကြီးမပြောဘဲ အရမ်းယဉ်ကျေးနေသေးတယ်။ ငါ့မှာ ချစ်စရာကောင်းတဲ့ မြင်ကွင်းလေးကိုတောင် မကြည့်ရဘူး"
အိုးကို အလွယ်တကူရှာတွေ့ပြီး အထုတ်ဖွင့်လိုက်တာနဲ့ မြင်နိုင်တယ်။
လုယန်က လှည့်လိုက်ချင်ပေမဲ့ ကျန်းယန်ကျိုးက အိုးကိုချပြီး ထရပ်ကာ သူမ ဆီ လျှောက်လာတာကို မြင်လိုက်ရတယ်။ လုယန်က တုံ့ဆိုင်းသွားတယ်။ "ကျွန်မတို့ အိုးကို သုံးလို့မရနိုင်ဘူးလား"
"အိုးက သုံးနိုင်ပါတယ်" ကျန်းယန်ကျိုး ပြောတယ်။ သူမ ရှေ့မှာရပ်ရင်း ကျန်းယန်ကျိုး မေးလာတယ်။ "မင်း စိတ်ဆိုးနေလား"
လုယန် ဇဝေဇဝါဖြစ်သွားတယ်။ "ကျွန်မက ဘာလို့ ဒေါသထွက်ရမှာလဲ"
"မင်းကိုယ့်ကို ကြိုက်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး" ကျန်းယန်ကျိုး ပြန်ပြောတယ်။
သူ သူမကို ကြိုက်တယ်လို့ မပြောတာကြောင့် သူမ စိတ်ဆိုးလား။ လုယန်က ခေါင်းခါပြီး မဟုတ်ကြောင်း ငြင်းတယ်။ "ကျွန်မ စိတ်မဆိုးပါဘူး"
သူမက သူမ ရဲ့အရူးအစ်ကိုကို စိုးရိမ်ရုံပဲ။
ကျန်းယန်ကျိုးက မျက်လွှာချပြီး ခေါင်းစဉ်ပြောင်းလိုက်တယ်။ "ကိုယ်မင်းကို မေးခွန်းမေးရင် မင်းကိုယ့်ကို ဖြေပေးမှာလား"
"မီးထဲကျရင် သူမ ဘယ်သူ့ကို အရင်ကယ်မှာလဲ' ဆိုတဲ့ မေးခွန်းကို သူ မမေ့ဘူး။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...