Part _69

19.2K 939 37
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_69

"သက်ကလေး "

"ရှင် "

"ကိုယ်တို့ Gordonပြန်ရအောင် "

"ဟင် "

ပြန်ရအောင်ဆိုတဲ့ စကားကိုကြားတော့ သက်ကလေးက အံ့သြသလို သူ့ကိုကြည့်လာလေသည်...

"ကိုကိုကြီး "

"ဘာဖြစ်လို့လဲဟင် "

"ဘာမှမဖြစ်ပါဘူး ကလေးရဲ့  ဟိုမှာက ပိုမကောင်းဘူးလား"

"ဒီမှာမွေးဖို့ဆိုပြီး တကူးတက ဟိုကနေ ရောက်လာတာလေ ဗိုက်လည်း စိတ်ချရတဲ့Ogနဲ့အပ်ပြီးနေပြီ
ဒါကို ကိုကိုကြီးကဘာထဖြစ်တာလဲ "

"ဒီမှာ နေရတာ ပျင်းစရာကြီး အလုပ်ကို ဖုန်းနဲ့ လုပ်နေရတာ အားမရဘူး ပြန်တာပဲကောင်းတယ်ထင်တယ် "

ဘာမှဆက်မပြောတော့ပဲ သူပြောတာကို ငြိမ်သက်စွာနားထောင်နေတဲ့ ဇနီးသည်လေးကို ကြည့်ကာ နေတင်စိတ်မကောင်းဖြစ်ရသည်...

ဒီမှာနေရင် ကိစ္စတွေက အနှေးနဲ့အမြန်ပေါက်ကြားသွားရင်ဒုက္ခ..
ကလေးက ဒီလိုဖြစ်ရပ်ကြီးကိုသိပြီး စိတ်ဆင်းရဲမှာမျိုးကို သူမလိုလားပါ...
ဒါကြီးကိုသာသိသွားခဲ့ရင် သူ့ရဲ့ ဇနီးလေးခံနိုင်ရည်ရှိမှာမဟုတ်ဘူး....
ဗိုက်လုံးလုံးလေးပေါ်လက်တင်ပြီး ငြိမ်သက်နေတဲ့ ကလေးအမေလေးဟာ သူ့မျက်စိထဲမှာတော့ တွေ့စကအတိုင်းပဲ ပျိုမြစ်နုငယ်နေတုန်းပင်ဖြစ်သည်...

ငြိမ်ပြီးတော့ စိတ်ကောက်သွားဟန်တူသည် ဘာစကားတစ်ခွန်းမှ ထွက်မလာတော့ပဲ ခြေလက်ဆေးကာ ကုတင်ပေါ်တက်အိပ်နေလေတော့သည်....

နေတင်သည် မချော့မိပဲ ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာ ညက တစ်ညကုန်တွေးမိနေလေတော့သည်..

မိုးလင်းခါနီးမှ အိပ်ပျော်သွားတော့ သူနိုးလာချိန် သက်ကလေးတောင်မရှိတော့ပဲ သားရဲ့အသံစာစာလေးကိုတောင်ကြားနေရပြီဖြစ်လေသည်.....

သူအခန်းထဲကထွက်လာတော့...

"မောနင်း ဖေဖေ"

"မောနင်း ပါ သားကြီး"

"မေမေကော သားသား"

"မေမေ...မေမေ"

သားကိုယ်တိုင်ကလည်း သူ့မေမေဘယ်ရောက်နေလဲမသိတဲ့ပုံပေါက်ကာ ခေါင်းလေး တလည်လည်ဖြင့်ရှာနေလေသည်.....

⚜️Nay Tin's Love Story⚜️Where stories live. Discover now