The End

27.4K 1.4K 133
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_77 (ဇာတ်သိမ်းပိုင်း)

ကိုကိုကြီးတောင် ဘာလိုလိုနဲ့ အသက်လေးဆယ်ကို စွန်းလာပါပေါ့လား.....

"အဖိုးကြီး ....အရမ်း ချစ်တယ်''

''ဟာ ဟေ့ကောင်''

''ဘာအဖိုးကြီးလဲ ဘာအဖိုးကြီးလဲကွ ဟင် လာစမ်း အဲဒီကလေးတော့ တွေ့ကြသေးတာပေါ့''

''ဟင်းဟင်းဟင်း'''

''အဟ ကိုကိုကြီး မလုပ်..ပါနဲ့''

ကိုကိုကြီးက သော်တာ့ မေးစေ့လေးကို အတင်းဆွဲမော့ပြီး သူ့မုတ်ဆိတ်ငုတ်စိ စိမ်းစိမ်းတွေနဲ့  လည်တိုင်လေးအနှံ့ လာပွတ်ဆွဲနေတာမို့ သော်တာ အော်နေရတော့သည်.....

"အ"

''အားးး စူးတယ်လို့  ကိုကိုကြီး မလုပ်ပါနဲ့ဆို''

''ဟား ဟား နာလား မှတ်ပြီလား ခေါ်အုံးမလား အဖိုးကြီးလို့''

''သွား အကျင့်ကို မကောင်းဘူး သူများကိုနာအောင် လာလုပ်နေတယ် အဲဒီနှုတ်ခမ်းမွှေးနဲ့ မုတ်ဆိတ်တွေက ဘာများကောင်းလို့ မရိတ်ဘဲ ထားရတာလဲလို့''

''အဟား ကိုယ်ဒီတလော အလုပ်များလို့ အချိန်မရဘဲ စိတ်လောနေတော့ ရေချိုးခန်းထဲမှာ အချိန်မယူတာ ကြာပြီ  အခုလည်း မိန်းမနားကို ကပ်ချင်တော့ ရေချိုးပြီးတော့ အမြန်ထွက်လာတာ ဒီလို စတိုင်လ်ကိုကြိုက်တဲ့ ကလေးမလေးကို ပြချင်လို့လေ"

''ဟွန့် ပြောရဲလိုက်တာ အဲဲဒီတုံးက သူ့ကို ဘယ်သူက ကြိုက်လို့လဲ''

"ကြိုက်ပါတယ်ကွာ အမြဲစိမ်းတောဆိုလား ဘာဆိုလား ချစ်စနိုးနဲ့တောင် ခေါ်နေသေးတဲ့ဟာကို အဲဒီကတည်းက ကိုယ်သိသားပဲ ဟား ဒီငချွတ်ကလေးတော့ ငါ့ကို ကြွေနေပြီဟ ငါကယ်တင်မှ ရတော့မယ်လို့''

''ဦးသုနေတင်ထွဋ်!!!!''

သက်ကလေးက နားနားကို ကပ်ပြီး သံကုန် အော်ထည့်ပစ်လိုက်တာမို့ နေတင် နားတွေ အူသွားရသည်....

"ဗျာ့"

''ဘာလဲ ဘာကို အနော်က ကြွေကျတာလဲ လို့ သူသာ လူကြီးတန်မဲ့နဲ့ ကလေးကလားတွေ အကုန် လာလုပ်ပြနေပြီးတော့''

⚜️Nay Tin's Love Story⚜️Where stories live. Discover now