Part _71

18.5K 930 28
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_71

ခြံတံခါးဝရှေ့က ဖြတ်တော့ ကားကို အရှိန်လျှော့လိုက်သည်....

"ဂျိန်းးး''

''ကျွီ'''

Remote နဲ့ ဖွင့်တဲ့ ခြံဝင်းတံခါးကြီးက တအိအိနဲ့  ဘေးကိုရွေ့ကာ ပွင့်သွားပြီး အထဲကနေ ကလေးလေးတစ်ယောက် ပြေးထွက်လာတာမို့ ကားဘရိတ်ကို ဖိနင်းလိုက်သည်....

''အဟား ငါ့မြေးလေးပဲ"

အစားအသောက် အနေအထိုင်ကို သေချာ ဂရုစိုက်ပြီး ပြုစုခံထားရမှန်း သိသာစွာ သူ့မြေးချောလေးဟာ သူနဲ့ မတွေ့တဲ့ လပိုင်းလေးအတွင်းမှာကို ဝကစ်ဖြစ်နေလေသည်  ...
ခြံထဲကို ကြည့်နေပြီး လက်လှမ်းပြနေကာ.....

"ဆုတ် ဆုတ် ဆုတ် ခေါက်ဆုတ်''

''အာ အဟား ဟား ငါ့မြေးကတော့ကွာ ဒီကောင် တကယ့်ကောင်''

စွပ်ကျယ်ဖြူဖြူနဲ့ ရှော့ပင်အနက်ကွက်လေး ဝတ်ထားပြီး ကြိုးသိုင်းဖိနပ်အနက်ကလေးစီးထားတဲ့ မြေးလေးကို ဦးထွဋ်မြတ်အောင် ချစ်မဝစွာ ကြည့်နေမိသည်....

လူတတ်ကြီးပုံနဲ့ ကားနောက်ကနေ  လက်ပြခြေပြ လုပ်နေတဲ့ပုံက ချစ်စရာကြီး ဖြစ်သည် အသံလေး သေချာ ကြားချင်တာမို့  ကားမှန်ကို နဂိုထက် အနည်းငယ်လေး ထပ်ချလိုက်သည် ....

'''ပြန်ဖြောင့်ထား"

''ဆုတ် ဆုတ်'''

''ဒုန်း'''

'''တိုက်ပြီ ဟိုထားး'''

''ကျွီ!!!'''

ကားဘရိတ်နင်းလိုက်တဲ့ အသံနဲ့အတူ
ခြံထဲကနေ  နောက်ဆုတ်ပြီး ထွက်လာနေတဲ့ ကားပေါ်ကနေ လူရွယ်တစ်ယောက် အမြန်ဆင်းလာလေသည်....

"အမလေး ကျေးဇူးရှင်ရယ် ဖယ်ပါ ပြောလည်းမရ မင်းကို တိုက်မိမှာစိုးလို့ ထိန်းတာနဲ့ ဒီမှာ ပန်းအိုးကို တိုက်မိပြီ''

''သားသားက လေးလေးဒီရဲကို ကူညီတာလေ''

''ဘာကို ကူညီတာလဲ ဒုန်းး....ဆိုမှ တိုက်ပြီ ဟိုးထား လုပ်တာက မင်းဂျီးဒေါ်ကြီးကို ကူညီတာလား''

''ဂျီးဒေါ်က ဘာလဲ လေးလေး'''

''ဟော ဟော လုပ်လာပြီ စကားအိုး လေအိုး သာလိကာကောင် ကားပေါ် မြန်မြန်တက်''

⚜️Nay Tin's Love Story⚜️Where stories live. Discover now