ဆူး - Part 1

31.1K 1.1K 9
                                    

[ Zawgyi ]

1.8.2002...........
မိုးများသည်းထန်စွာရွာသွန်းပီး ကောင်းကင်ကြီးတခုလုံးဟာလဲ ပြိုကျလုမတတ် နီရဲ နေတဲ့အသွင်ကိုဆောင်နေပီး ကြမ်းတမ်းလွန်းသောလေပြင်းများဟာလည်း လူကိုလွင့်ထွက်တော့မည့်အလား တိုက်ခတ်နေချိန်ပင်ဖြစ်သည် ဒီလိုအေးစိမ့်စိမ့်ရာသီဥတုအောက်မှာ မျက်ရည်မိုးတွေ ရွာသွန်းပီး ဒေါသမီးတွေတောက်လောင်ကာ ငြင်းခုံသတ်ဖြတ်တော့မည့်အလား ရန်ဖြစ်နေကြသည်ကတော့ ထုံးစံအတိုင်း ကျန့်ဟွာရဲ့မိဘနှစ်ပါးပင် (ကျန့်ဟွာ=xiaozhan ငယ်နာမည်)

လေးနှစ်အရွယ်အပြစ်ကင်းစင်လွန်းသော ကလေးငယ်လေးကိုရှေ့တွင်ထားကာ နေ့စဉ်လိုလိုငြင်းခုံရန်ဖြစ်မှုပေါင်းဟာ မရေတွက်နိုင်တော့ လေးနှစ်အရွယ်ကလေးလေးဟာ မသိတတ်သေးတဲ့အရွယ်မှာပင် နေ့စဉ်နဲ့အမျှ မိဘနှစ်ဦးရဲ့ရန်ဖြစ်နေမှုတွေကြောင့်မျက်ရည်ပင်လယ်ဝေခဲ့ရသည် တခါတရံ ကလေးကိုပါ ပြဿနာထဲဆွဲထည့်တတ်သေးသည်။

'နင့်ကြောင့် ဖြစ်တာ နင့်ကိုမမွေးခဲ့ရင်ဒီလိုကိစ္စတွေရှိလာမှာမဟုတ်ဘူး နင့်ကိုမွေးပြီးကတည်းက နင့်ရဲ့အဖြစ်မရှိတဲ့အဖေ အားနေ ဖဲရိုက် ပီး မိန်းမတကာနဲ့လျှောက်သွားနေတတ်တဲ့အဖေကြောင့်ငါကိုယ်တိုင်အပင်ပန်းခံပီး ငွေရှာနေရတာ ငါသေလိမ့်မယ် နင်ကြည့်နေ'

ဆိုတဲ့စကားတွေကို နေ့တိုင်းဒီကလေးရင်ထဲနင့်နေအောင်ရိုက်သွင်းလေ့ရှိသည်။ ထိုနေ့ညတွင်တော့အကြီးအကျယ် ငြင်းခုံရင်း မနေနိုင်တော့သည့်အဆုံး ကျန့်ဟွာမိခင်သည်လက်ထဲမှ အင်္ကျီထုတ်ဆွဲကာ သည်းထန်နေသောမိုးကိုအန်တုလျက် ကျန့်ဟွာကို လက်တဖက်တွင် ချီကာ တဖက်က အထုပ်ကိုဆွဲလျက် အိမ်မှထွက်လာခဲ့တော့သည် ကျန့်ဟွာဟာလဲ ဘာမှနားမလည်သေးတဲ့အရွယ်မို့ ဒီလိုမိဘပြုမူနေသမျှကို ကြောင်အမ်းအမ်းမျက်နှာလေးနှင့်ကြည့်လိုက် ငိုလိုက်ကလွဲလို့မတတ်နိုင်ခဲ့။

တမင်ဒုက္ခရောက်အောင်ပင်ဖန်တီးပေးထားသလားထင်ရသော သည်းထန်သောမိုးအောက်တွင် သားအမိနှစ်ယောက်သည် ကားဂိတ်သို့ ဆောင်းစရာထီးမပါဘဲ ထွက်လာကြတော့သည် ကျန့်ဟွာမှာမူ ငယ်ရွယ်သေးသဖြင့် အေးလွန်းလှသောမိုးရေများကိုဒဏ်မခံနိုင်တော့ အသားများပင်တဆတ်ဆတ်တုန်နေသည် သူ့မိခင်မှာလဲသူ့သားလေးကိုသနားရုံမှတပါးလုပ်ပေးနိုင်တာဘာမှမရှိခဲ့ ကလေးရဲ့ကိုယ်အပူရှိန်ဟာလဲ ပြင်းသထက်ပြင်းလာသည် မျက်လုံးများပင်နီရဲပီး ကယောင်ကတန်းတွေလဲ အော်နေလေသည် ။

ဆူးWhere stories live. Discover now