ဆူး - Part 36

4.1K 440 16
                                    

( ZawGyi )

' မား လက်ချက်မဟုတ်လား ။ ကော ကို မား တမင် ထွက်သွားခိုင်းခဲ့တာမဟုတ်လား။ '

' မဟုတ်ဘူး မားတကယ် မသိတာပါ။ ယုံပါ သားရယ်။ '

' ဒါဆို ကောက အခု ဘယ်နိုင်ငံကိုထွက်သွားတာလဲ ။ကျွန်တော်အခုလိုက်သွားမယ် '

' မသိဘူး ။ ဘယ် နိုင်ငံလဲ ဆိုတာ မားလဲမသိဘူး '

' မား '

အားပါပါဖြင့် ကြမ်းပြင်အား လက်နှစ်ဖက်ဖြင့် ဆောင့်ရိုက်ချပလိုက်သည်။သို့သော်လည်း စိတ်ပြေမသွားမပါ။

' သား '

' သား အရွယ်က မငယ်တော့ဘူးလေ။ သားရဲ့ အနာဂတ်မှာ သားနောက်ကနေ မားမားမတ်မတ်ရှိပေးနိုင်မယ့် မိသားစုက မိန်းကလေးကိုသားရွေးချယ်သင့်နေပြီ။သားက အရည်အချင်းရှိတဲ့ ကလေးတယောက်ပါ။ သား ကို နောက်ကနေ အပြည့်အဝပံ့ပိုးပေးနိုင်မယ့် အသိုင်းအဝိုင်းကို သားရွေးချယ်သင့်ပြီ။ '

ခန္ဓာကိုယ်ကို ငုံ့ကိုင်းလျက် သူ့သားလေးပုခုံးကာ ဖွဖွဆုပ်ကိုင်ကာ နူးနူးညံ့ညံ့ ပြောပြနေလေသည်။

' ဒီအချိန်မှာ မားက ဒီကိစ္စကိုပြောနိုင်သေးတာလား။ ကောက ဘယ်နိုင်ငံရောက်လို့ ဘာဖြစ်နေမှန်းမသိတဲ့ အခြေအနေမှာတောင် ကျွန်တော့်ကို ဒီစကားမျိုးလာပြောနိုင်သေးလား။ '

ခရီးပန်းလာသောအရှိန်ပင် မပျောက်သေး။ နောက်ထပ် အပူတစ်ခုက သူ့ရင်ထဲလှိုက်ဝင်လာပြန်သည်။

' ကော မရှိဘဲ ကျွန်တော်က ဘယ်လို ဆက်နေရမလဲ။ ကော မရှိလို့ မဖြစ်ဘူးလေဗျာ။ ကော ကြောင့် အသက်ရှင်နေခဲ့တာလေ။ '

' ကော ပြန်လာခဲ့ပါ ကောရယ် '

' ကော ဘယ်မှာလဲ '

' ကျေးဇူးပြုပြီး ကျွန်တော့်ဆီ ပြန်လာခဲ့ပါ ကောရယ် '

ဝမ်ရိပေါ်၏ အော်သံသည် တစ်အိမ်လုံးတွင် ဟိန်းထွက်သွားသည်။ ပြန်ရောက်လာကြပြီဖြစ်သော အိမ်ဖော်အမျိုးသမီးများကပင် ရိပေါ်ကိုကြည့်ပြီး မျက်ရည်ဝဲရသည်။

ရှောင်ကျန့်နာမည်အား တ ရင်း အပေါ်ထပ်သို့ ပြန်ပြေးတက်သွားပြန်သည်။

ဆူးWhere stories live. Discover now