ဆူး - Part 30

4.3K 397 37
                                    

( ZawGyi)

ဂျစ်ကန်ကန်လုပ်တတ်သော ဝမ်ရိပေါ်မှာ အတန်ကြာ အငိုမတိတ်သည့်အပြင် လမ်းမပေါ်မှ ခြေတစ်လှမ်းမှမကြွဘဲ ဖင်ထိုင်လျက်သားဖြင့် ပေကပ်ကပ်ထိုင်နေဆဲပင်။ ရှောင်ကျန့်ဘက်မှ သူလိုချင်သော အဖြေမရမချင်း ထမည့်ပုံမပေါ်။ တဖြည်းဖြည်း လမင်းကြီး၏ အလင်းရောင်ဟာ မရဲတရဲလေး ထွက်ပေါ်စပြုလာပြီဖြစ်သည်။လမ်းမီးတိုင်များ၏ အလင်းဖျော့ဖျော့အောက်တွင် နှစ်ယောက်သား အဝေမတည့်သေးသလို ညဦးပိုင်းမို့ တိုက်ခတ်လာသော လေနုအေးများက ဆောင်းရာသီဖြစ်ကြောင်း သက်သေပြနေသည်။

တဖြည်းဖြည်း အေးစက်လာသော ရာသီဥတုအောက်တွင် ရှောင်ကျန့် အရည်ပျော်မတတ် အေးစိမ့်လာသည်။ နဂိုကတည်းကအအေးကြောက်တတ်သူမို့ ဒီလို လမ်းမထက်တွင် တောင့်တောင့်ကြီး အချိန်ကြာမြင့်စွာ ရပ်နေရခြင်းက သူ့ကိုယ့်သူဒုက္ခပေးနေသလိုဖြစ်နေသည်။

' ဝမ်ရိပေါ် ပြန်မယ်လို့ပြောနေတယ် '

အေးခဲမှုအောက်တွင် သူ၏ အသံများဟာ ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး လက်အစုံကို အင်္ကျီ အိတ်ထဲသို့ ထည့်ရင်း တုန်ယင်နေသည်။

' ဘယ်ကိုလဲ '

' ဘယ်ရမှာလဲ အိမ်ကိုပေါ့ '

' မပြန်နိုင်ဘူး။ ကော နေနိုင်ပေမယ့် ကျွန်တော် မနေနိုင်ဘူး။ '

မြေကြီးပေါ်တွင် ခြေနှစ်ချောင်းလုံးဆန့်ကာ ပယ်ပယ်နယ်နယ် ထိုင်နေသော ဝမ်ရိပေါ် မှာ သူဌေးသား ဆိုတာ ကျိန်ပြောလျှင်တောင် ယုံတော့မှာမဟုတ်သည့် အခြေအနေပင်။

' ဝမ်ရိပေါ် မင်း အဲ့လောက် ဆိုးလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး။ ရှေ့ဆက်ဖို့ လုံးဝ မဖြစ်နိုင်လောက်တော့ဘူး ထင်တယ်။ဘာလို့ အဲ့လောက်တောင် ငါ့ကို ဒုက္ခပေးချင်ရတာလဲ။ မင်း ချစ်တယ် ဆိုတာ ဒါလား။ '

' ပြောပါ။ ပြောချင်တိုင်းသာ ပြော ကျွန်တော့်ကို။ ကော ကို ဒုက္ခပေးနေတာလား။ ကာကွယ်နေတာလား ဆိုတာ တကယ်ပဲ မခွဲခြားတတ်ဘူးလား '

မျက်ရည်တော့မကျတော့ဘဲ ညို့မှိုင်းနေသော မျက်လုံးများဖြင့် အခြား platform တဖက်ကိုကြည့်ရင်း နာကျင်စွာ ပြောနေလေသည်။ ရှောင်ကျန့် ခိုက်ခိုက်တုန်အောင် ချမ်းနေပြီဆိုတာလည်း မော့မကြည့်တော့သူမသိ။

ဆူးWhere stories live. Discover now