ဆူး - Part 38

4.4K 455 34
                                    

( ZawGyi )

ပိတ်သွားတဲ့ ဓာတ်လှေကားဟာ ၂၂လွှာရှိတဲ့ တိုက်ခန်းအပေါ်တက်ဖို့ ဆို အချိန်က တော်တော်ကြာနေမှာ။ဘယ်ဘက် ဓာတ်လှေကားကြည့်ပြန်တော့လဲ အပေါ်တက်တုန်း။ ရိပေါ် ထပ်စောင့်မနေနိုင်တော့။ မတော်လို့ ကောက အပေါ်ထပ်ရောက်သွားပြီး အခန်းထဲ ဝင်သွားမှဖြင့် လွဲသွားပေအုန်းမယ်။

မတတ်နိုင်ဘူး။ လှေကားကပဲ သွားရမှာပဲ။၂၁ လွှာကို ဓာတ်လှေကားနဲ့အပြိုင်ရောက်နိုင်ဖို့ တက်လိုက်ရတဲ့ လှေကားထစ်ပေါင်းဟာ ကျွန်တော့်ဘဝအတွက် အမှတ်တရပဲ။ တစ်ခါမှ အဲ့လောက်အပင်ပန်းမခံဖူးတဲ့ သူဌေးသား တယောက်က ဒီလို အလုပ်မျိုးတွေ မလုပ်စဖူး လုပ်နေရပါပြီတဲ့။မမောတမ်း မာရသွန်အပြေးသမားလို နံပါတ် ၁ ရယူဖို့ တက်ရသလို ကောရဲ့ အချစ်တွေကို ပြန်ယူဖို့ ၂၁ လွှာကို ပန်းခင်းလမ်းလို့ သဘောထားပြီး ကျွန်တော်တက်မယ်။

နောက်ဆုံးတော့ ၁၈ လွှာကို ရောက်ခဲ့ပြီ။

ဓာတ်လှေကားတံခါးသည် ၂၁ လွှာတွင် ဖြေးညှင်းစွာ ပွင့်လာသည်။ ရှောင်ကျန့် ဓာတ်လှေကားထဲမှ ထွက်ကာ အခန်းဆီသို့ သာမန်ထက် နှေးသော ခြေလှမ်းများဖြင့် လမ်းလျှောက်လာမိသည်။

အခန်းနားရောက်လုဆဲဆဲ လှေကားထစ်များမှ ပေါ်လာသော အရိပ်တစ်ခုဆီသို့ သူဖြတ်ကနဲ လှမ်းကြည့်လိုက်မိသည်။

တစ်စုံတစ်ရာကိုမှသူမတွေ့။

အခန်းသော့လေးကို ထုတ်ကာ ဖွင့်ရန်ပြင်လိုက်စဉ်မှာပဲ

' ကော '

အရင်းနှီးဆုံးသော အသံတစ်ခု။

အသံတွင် မောဟိုက်မှုများနှင့်ပြည့်နှက်နေသည့်ကြားမှ လွမ်းဆွတ်မှုများပါရောနေသည်။

သူလား? သူ ငါ့ဆီ ပြန်လာတာလား။

စိတ်ထဲမှ မရေရာ လေသော အတွေးများအား အဖြေထုတ်ရန် အသံလာရာဘက်သို့ မျက်နှာမူလိုက်သည်။

သူ ။ ဘာလို့သူလဲ။

ပန်းသီးအိတ်ကို ကိုင်ထားသော ရှောင်ကျန့်လက်များသည် မတည်ငြိမ်နိုင်တော့။

လှေကားခွင်ရှေ့ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ဝမ်ရိပေါ်အား သူ သေချာစိုက်ကြည့်နေမိသည်။

ဆူးWhere stories live. Discover now