ဆူး - Part 33

4K 398 46
                                    

( ZawGyi )

' မား ဘာဖြစ်တာလဲ ကျွန်တော့်ကိုရင်တွေပူအောင်မလုပ်ပါနဲ့ မား တခုခုတော့ပြောမှပေါ့ '

' အင်း သား သားရဲ့ပါပါး car accident ဖြစ်လို့ အခု အရေးပေါ် အခန်းထဲရောက်နေတယ်။ အရမ်းစိုးရိမ်ရတဲ့ အခြေအနေပဲတဲ့ သားရယ် '

ရှိုက်ကြီးတငင်ဖြင့် စကားလုံးများရောထွေးကာ အားပျက်စွာ ပြောနေသော သူ့မားရဲ့ စကားလုံးများကြောင့် သူ့တစ်ကိုယ်လုံး ရှိန်းကနဲဖြစ်သွားသည်။

မျက်ရည်ပူများသည် သူကိုယ်တိုင်မသိလိုက်ခင်မှာ ပါးပြင်ပေါ်မှ တစ်စက်ချင်းလိမ့်ဆင်းကျလာသည်။ပြောစရာစကားများဟာလည်း နှုတ်ခမ်းဖျားတွင်ပျောက်ကွယ်သွားရသည်။

အရမ်းစိုးရိမ်ရတဲ့ အခြေအနေတဲ့လား။ ကျွန်တော့်ကို ၄နှစ်အရွယ်ထဲက ကောင်းကောင်းကျွေးမွေးပြီး မျက်နှာမငယ်အောင် ထားပေးခဲ့တဲ့ ဒီကျေးဇူးရှင်ဟာ အခုတော့ ဆေးရုံထက်က ကုတင်ပေါ်မှာ လဲလျောင်းနေရပြီတဲ့လား။

ဘာစကားတခွန်းမှ ဆက်မပြောနိုင်ဘဲ မှန်တင်ခုံရှေ့တွင် ဖင်ထိုင်လျက်သားပြုတ်ကျသွားတော့သည်။ရိပေါ်မှာလဲ အလန့်တကြားနှင့် ကုတင်ပေါ်မှ ပြေးဆင်းကာ ရှောင်ကျန့်ကို သူ့ရင်ခွင်ထဲ ဆွဲပွေ့ထည့်လိုက်သည်။

' ကော ဖုန်း ကျွန်တော့်ကိုပေး '

ရှောင်ကျန့်လက်ထဲမှ ဖုန်းကို အမြန်ဆွဲယူလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် စကားပြောလိုက်သည်။

' ကျွန်တော် ရိပေါ်ပါ။ ဘာဖြစ်လို့လဲဟင်။ '

တဖက်မှ ဖြေကြားသံကြောင့် ရိပေါ်ကိုယ်တိုင်လဲ ဆွံ့အသွားသည်။

သူ့ရင်ခွင်ထဲမှ ကောကိုလည်း သနားသွားမိသည်။

ဒုက္ခပေါင်းစုံကိုဘာလို့ တရစပ်ဆိုသလို တွေ့နေရတာလဲဗျာ။ ဒီလောက်ဖြူစင်ရိုးသားတဲ့ ကောကို ဘယ်ဘဝက ဘယ်ဝတ်ကြွေးတွေကြောင့် စိတ်ညစ်စေရတာလဲ။

ကောရယ်။ ကျွန်တော် ကောကိုသနားလွန်းလို့ မကြည့်ရက်တော့ပါဘူး။ရှောင်ကျန့်ကတော့ တွေဝေစွာ ရှိက်ကြီးတငင်ငိုနေဆဲဖြစ်သည်။

ဆူးWhere stories live. Discover now