ဆူး - Part 17 လက်ပံပွင့်နှင့်ချစ်သက်သေ

5.6K 454 7
                                    

[ Zawgyi ]

ယုံကြည်ပေးချင်ပါတယ်။ သူလဲ မချစ်တာမှမဟုတ်ပဲ။ သို့ပေမဲ့ ဝမ်ရိပေါ်ဟာ ကျောင်းပြီးဖို့ သုံးနှစ်လောက်လိုသေးသည်။ ဒီအရွယ်ဟာ သေချာစာကိုအာရုံစိုက်ရမယ့်အရွယ်လဲ ဖြစ်တာကြောင့်
ရှောင်ကျန့်အနေနဲ့ ရိပေါ်ကို သိပ်တော့ အချစ်ဘက်ကို အလေးအနက်မပေးစေလိုပါ။

ရိပေါ် မေးတဲ့ မေးခွန်းကို မဖြေဘဲ လမ်းတလျှောက်လုံးနှုတ်ပိတ်ကာ လိုက်လာခဲ့လေသည်။ cafe ဆိုင်ရောက်လို့ ထိုင်ခုံမှာ နေရာတကျထိုင်ပြီးမှသာ ရှောင်ကျန့် ဘက်မှ ပြန်လည်စကားဆိုတော့သည်။

' ရိပေါ် ကောကို သိပ်ချစ်တာ ကော သိပါတယ်။ ရိပေါ်ရဲ့ အချစ်ကိုလည်း စော်ကားပြီးအလေးမထားတဲ့ သဘောနဲ့ ပြောတာတော့ မဟုတ်ပါဘူး။ အခုတောင် Roll 23 ဖြစ်နေပြီမလား။ ကော စီရောက်နေတဲ့ ရိပေါ် စိတ်လေးကို စာဘက် နည်းနည်းပို့စေချင်တယ်။ '

' ကောနဲ့ ကျောင်းစာကို ကျွန်တော် တကန့်စီ ခွဲခြားထားပါတယ် ကောရယ်။ ကျွန်တော့်ကို ယုံပါနော်။ ကျွန်တော့်ကို ထားမသွားပါနဲ့။ '

မျက်နှာချင်းဆိုင် ခုံမှာ ထိုင်နေရင်းကပင် ရှောင်ကျန့် ဘေးခုံသို့ ရွှေ့ထိုင်လိုက်ပြီး ရှောင်ကျန့် မျက်နှာကို
စေ့စေ့ကြည့်ကာ ကော်ဖီခွက် ကိုင်ထားတဲ့ ရှောင်ကျန့်ရဲ့လက်တဖက်ကို ဆုပ်ကိုင်ပြီး မျက်နှာငယ်လေးဖြင့်
မော်ကြည့်ကာ ပြောနေသည်။

သူလိုချင်တဲ့ အဖြေကို မရမချင်း ဇွတ်တောင်းဆိုနေသောရိပေါ် ကို ကြည့်ပြီးသူသက်ပြင်းချလိုက်မိသည်။

' အင်းပါ။ ထားမသွားပါဘူး ရိပေါ်ရယ်။ '

ရိပေါ်ချက်ချင်း ပြုံးမိသွားသည်။ သူ့ဘေးမှာ ထိုင်နေတဲ့ ရှောင်ကျန့်ကိုလည်း အတင်း သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

ရှောင်ကျန့်ကတော့ ရှက်လွန်းလို့ အတင်း ရုန်းနေ
သည်။ရိပေါ် ကတော့ ရုန်းလေ ပိုပြီး တင်းကြပ်စွာဖက်ထားလေမို့ ရှောင်ကျန့်ရုန်းလို့ပင်မရတော့။

သူတို့နှစ်ယောက်ထိုင်တဲ့ နေရာကလဲ မှန်
ချပ်တွေနဲ့ ကပ်ရပ်မို့လို့ လူသွားလူလာ များတဲ့ လမ်းတလျှောက် မှာ ကားတွေရော လူတွေရောဖြင့် အဆက်ပြတ်သည်ကိုမရှိချေ။

ဆူးWhere stories live. Discover now