ဆူး - Part 24

5K 384 18
                                    

( ZawGyi )

အပေါ်ထပ် အိပ်ခန်းထဲဝင်ဝင်ချင်း မြင်တွေ့လိုက်ရသော နှစ်ယောက်အိပ်ကုတင်ကြီးက ရှောင်ကျန့်ကို ကြက်သီး ဖြန်းခနဲထသွားစေသည်။

အိပ်ယာခင်းအဖြူလေးနှင့် ကြီးမားသော မွေ့ရာကြီး။ဒါမျိုးကို ရိပေါ် ဘယ်တုန်းကတည်းက တကူးတက ပြင်ဆင်ထားခဲ့ပါလိမ့်။အခန်းကတော့ ခြောက်ကပ်ကပ်နိုင်ပေမယ့် ပြတင်းပေါက်မှ အလင်းရောင်က စူးကနဲ လာနေသည်။

ပွေ့ချီခံထားရာကနေ အခန်းကို ၃၆၀ဒီဂရီ ပြည့်အောင် ခေါင်းကိုပတ်ချာလည်ကြည့်နေသော ရှောင်ကျန့်အား ရိပေါ် ကုတင်ပေါ်သို့ ဖြည်းဖြည်းလေးချပေးလိုက်ပြီး ရှောင်ကျန့်ရဲ့အပေါ်မှ အုပ်မိုးကာ ချစ်ရသူမျက်နှာလေးအား အနီးကပ်စိုက်ကြည့်နေမိသည်။
အခုတော့ ဒီလူသားလေးဟာ သူ့အပိုင်ဖြစ်လာခဲ့ပြီဆိုတဲ့အတွေးများနှင့်ပေါ့။

ကော က တကယ်ကိုလှပတဲ့ ဖြစ်တည်မှုလေးပဲ။ ကောင်းကင်ပေါ်က နတ်သားတွေချောတယ်ဆိုတာ ကို ရိပေါ်က လက်မခံချင်ပေ။ သူမြင်ဖူးတဲ့အရာမှ မဟုတ်တာ။ အခုသူ့ရှေ့က ယုန်လေးကတော့ အသက်ရှူမှားလောက်အောင် ကြည့်လေလှလေပဲ။ ရှုမငြီး အလှဆိုတာ ဒါမျိုးကိုပြောခြင်းပဲ။

ကောနှုတ်ခမ်းအောက်က မှဲ့နက်လေးမှာ ကျွန်တော့်ဘဝဖြစ်တည်နေတာ။

ရိပေါ်ကတော့ အသက်ပင်ရှူရဲ့လား မခန့်မှန်းတတ်လောက်အောင်ပင် ရှောင်ကျန့်ရဲ့ မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကို အလွတ်ကျက်နေလေရဲ့။အပေါ်က အုပ်မိုးပြီး သူ့ဆီက အကြည့်မလွှဲတော့တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့် မျက်လွှာလေးအောက်ချပြီးသာ ရှက်ပြုံးလေးပြုံးနေတော့သည်။ ရှက်စိတ်ကြောင့် ပါးပြင်လေးဟာ နီရဲလာပြီး ရှောင်ကျန့်ကိုပိုအလှတိုးစေသည်။

' ရိပေါ် ဘာလို့ အဲ့လောက်ကြီးကြည့်နေတာလဲ '

' ချစ်လို့ ကြည့်တာပေါ့ မကြည့်ရဘူးလား ပြော '

' ကြည့်လို့တော့ ရပါတယ်။ ဒါပေမဲ့ အခုက အဲ့လောက်ကြီး စိုက်ကြည့်နေတော့ ကောက ဘာလုပ်နေရမှာလဲ '

' ဘာမှမလုပ်နဲ့။ ငြိမ်ငြိမ်လေးနေ ။ ချစ်တယ် '

' ဟာ ရိပေါ် နောက်နေ့မှ ကြည့်တော့ တော်ပြီ အိပ်တော့မယ် '

ဆူးWhere stories live. Discover now