ဆူး - Part 29

3.9K 395 29
                                    

( ZawGyi )

ရှောင်ကျန့်မှာအမိန့်မရမချင်း အပြင်သို့ မထွက်ရဲဘဲ မီးဖိုချောင်ထဲတွင်မှာ ချွေးစီးများပြန်ကာ ချက်ပြုတ်ရင်း ရိပေါ် အလာကိုစောင့်မျှော်နေမိသည်။

ဒီမိန်းကလေးက ရိပေါ်နဲ့ စေ့စပ်မယ့်မိန်းကလေးများလား။ မဟုတ်လောက်ပါဘူးနော် မဟုတ်နိုင်ဘူး။ အဲ့လိုသာဆို ရိပေါ် သိမှာပေါ့။ ရိပေါ်မားက ငါ့ကိုလက်ခံပေးခဲ့တာမဟုတ်လား။ ဒီလောက်ရက်စက်တဲ့ကိစ္စမျိုးကြီးတော့ သူမလုပ်နိုင်လောက်ပါဘူး။

အတွေးနယ်ချဲ့နေစဉ်မှာပင် အိမ်ရှေ့မှ ကားဟွန်းတီးသံတစ်ချက်ကြားလိုက်ရသည်။ ထွက်ကြိုချင်ပေမယ့် အိမ်ရှေ့မှာလည်း ဧည့်သည်တွေနှင့်မို့ ထွက်မလာရဲသည့်အပြင် သူ့ဆံပင်စလေးတစ်မျှင်ကိုတောင် မြင်သွားမှာစိုး၍ လိုက်ကာ နောက်တွင်သာ တစ်ကိုယ်တည်း ရင်တထိတ်ထိတ်နှင့် ဘုရားတနေရသည်။

ရိပေါ်ဝင်လာလောက်တဲ့ အချိန်ရောက်တော့ လိုက်ကာစလေးကိုအသာလေးဆွဲကာ ဧည့်ခန်းထဲသို့ချောင်းကြည့်နေမိသည်။

' ဪ သားလေး ဒီနေ့စောသားပဲ။ '

အမှန်တော့ ရိပေါ်ဟာ ရှောင်ကျန့်နဲ့အတူ အပြင်မှာ dinner စားရန် အလုပ်စောစောဆင်းလာခြင်းပင်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် ရိပေါ်ရဲ့မျက်နှာဟာ ထင်သလောက်အခြေအနေမကောင်းတော့ချေ။သူ့မားစီစဉ်ထားတဲ့ ဒီကိစ္စကို မသိပုံပေါ်နေသည်။

' ဝမ်ရိပေါ် နင် အလုပ်ဝင်နေပြီပေါ့လေ။ မတွေ့တာတောင် ကြာနေပြီနော် ။ နင်ကတော့ တနေ့တခြားချောလာလိုက်တာ '

ရိပေါ် အိမ်ရှေ့ ဖိနပ်ချွတ် နေရာနားပင်ရှိသေးသည်။ မိန်းကလေးမပီသလောက်အောင်ပင် စကားတွေရွှန်းရွှန်းဝေစွာ ဖွင့်ဆိုလာသော ထိုမိန်းကလေးအား ရိပေါ် စိတ်ပျက်သယောင်သာ ကြည့်နေမိသည်။

' ဟုတ်တယ် '

ထိုမိန်းကလေးအား မကြည့်ဘဲ ပေါ့ပျက်ပျက်သာ မျက်နှာကို အောက်ချရင်းဖြေလိုက်သည်။

' ဒါနဲ့ မား ကောဘယ်သွားလဲ။ ကျွန်တော့်ကိုလည်း ထွက်မကြိုဘူး '

ဆူးOn viuen les histories. Descobreix ara