ဆူး - Part 31

4K 374 23
                                    

( ZawGyi )

မျက်ခုံးအစုံတို့ မှေးကြုတ်လျက် ယောင်ယမ်းညည်းညူနေသော ရှောင်ကျန့်၏ပုံစံကြောင့် ရိပေါ် ရတတ်မအေး ဖြစ်ရသည်။

ရိပေါ် သူ့လက်များဖြင့် ရှောင်ကျန့် နှာဖူးပေါ် သွားစမ်းကြည့်လေတော့ မီးခဲအလား ခြစ်ခြစ်တောက် ပူပြီး အပူငွေ့တွေပင်ပျံနေသည်။

မဖြစ်ဘူး။ ညက အအေးမိသွားပုံပဲ။ ကောရယ် ကျွန်တော် နောက်တခေါက် ထပ်မှားပြန်ပြီ။ ကော ကိုမကာကွယ်နိုင်ပြန်ဘူး။

ချက်ချင်းပင် ရေခဲဝတ်လေး တင်ပေးရင်း တစ်ညလုံး ရှောင်ကျန့်ရဲ့ အခြေအနေကိုသာ မအိပ်ဘဲ စောင့်ကြည့်နေမိသည်။

မနက်မိုးလင်းပိုင်းရောက်လေတော့ ရှောင်ကျန့် ၏ ကိုယ်လက်တို့ လေးလံကိုက်ခဲကာ မျက်ခွံများလေးလံပြီး မျက်လုံးများမဖွင့်နိုင်အောင်ပင် ပင်ပန်းစွာ နိုးထလာတော့သည်။

သူ့ဘေးကိုကြည့်လိုက်တော့ သူ့ ညာဘက်လက်ကို ဖွဖွဆုပ်ကိုင်ရင်း အိပ်ပျော်နေသော ရိပေါ်။

ကုတင်နှင့် မလှမ်းမကမ်းတွင်ရှိနေသော တိုင်ကပ်နာရီအား သူရုတ်တရက် မော့ကြည့်မိတော့ ၇နာရီ ၃၅မိနစ်ပင်ရှိနေလေပြီ။သေချာပေါက် ရိပေါ်အလုပ်နောက်ကျတော့မည်ဆိုတဲ့ စိတ်နဲ့ သူပူထူသွားသည်။

' ရိပေါ် ရိပေါ် ထတော့လေ ၇နာရီခွဲနေပြီ။ အလုပ် နောက်ကျတော့မယ် '

ရိပေါ်ရဲ့ကိုယ်ကို အတင်းလှုပ်နိုးပေမယ့် ရိပေါ်ကတော့ တအွန်းအွန်း နဲ့ ဟိုဘက်ပြန်လှည့်ပြီး ဆက်အိပ်နေပြန်သည်။

' ဟာ ရိပေါ် ထပါဆို ။ ပြောလိုက်ရတာ နေလို့မကောင်းပါဘူးဆိုမှ '

နေလို့ မကောင်းပါဘူး ဆိုတဲ့ အသံကြားတာနဲ့ ရိပေါ်ဟာ ဟိုဘက်လှည့်ပြီး အိပ်မောကျနေရာမှ ဆက်ကနဲကောက်ထလိုက်ပြီး ရှောင်ကျန့် မျက်နှာလေးအား သူ့လက်နှစ်ဖက်ဖြင့် ပြေးကိုင်လိုက်သည်။

' ဘုရားရေ လန့်လိုက်တာ ဘာလဲ ရုတ်တရက်ကြီး '

' ကော နေမကောင်းဘူးမလား။ ကျွန်တော်ညထဲက ကော ကိုယ်တွေပူနေတာ သိတယ်။ ကော အိပ်နေတာကို မနှိုးရက်လို့ ဆေးမတိုက်တော့ဘဲနဲ့ ရေခဲဝတ်ပဲ တင်ပေးထားတာ။ကျွန်တော် ဒီနေ့ ရုံးမသွားတော့ဘူး '

ဆူးWhere stories live. Discover now