ဆူး - Part 14 ပျောက်ဆုံးခဲ့သော စကားလုံးများ

5.8K 528 22
                                    

[ Zawgyi ]

သူမဟုတ်ဘဲ တခြား သူစိမ်းယောကျာ်းလေးတယောက်ရဲ့ နာမည်ကို ကြားလိုက်ရခြင်းက ရိပေါ် ရဲ့ ဒေါသကိုထိုးဆွပေးနေသည်။

လေတွေ တဖြူးဖြူး တိုက်နေတဲ့ ပန်းခြံထဲမှာတောင် ပူလောင်စိတ်ကြောင့် ချွေးပင် ပြန်လာသည်။
ရှောင်ကျန့်ကတော့ ရီရီမောမောနဲ့ ဖုန်းပြောမပြတ်။

' အင်း အင်း ငါအခုချက်ချင်းလာခဲ့မယ် စောင့်နေနော် ကျန်းချန်'

ဘယ်သူမှန်း အပြင်မှာတောင်မြင်ဖူးတာမဟုတ်ဘဲ ဒီလို သဝန်တိုနေခြင်းဟာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်သည်။ အခုချိန်မှာ ရိပေါ်ဟာ သူ့အရှေ့မှာရှိတဲ့အရာအားလုံးကို ရန်လိုနေသည်။

သူ့ဟာသူ နေတဲ့ ထိုင်ခုံ လက်တန်းကို လက်သီးဖြင့်တချက်ရိုက်ချလိုက်မိသည်။ ကျယ်လောင်စွာ
ထွက်ပေါ်လာသောအသံ
ကြောင့် ရှောင်ကျန့်ကပင် ဖုန်းပြောနေရင်းလှမ်းကြည့်သည်။

ရှောင်ကျန့်ကတော့ ရိပေါ် ဘာဖြစ်နေလဲဆိုတာ လုံးဝနားမလည်။ သဝန်တိုနေတယ်ဆိုတာကိုလည်း မသိ။ အခုချိန်မှာ သူ့စိတ်ထဲမှာက ကျန်းချန်ကို airport မှာသွားကြိုဖို့ဆိုတာပဲရှိသည်။

ကျန်းချန်ဆိုတာ သူမွေးစားမိဘအိမ်စရောက်ကတည်းက အမြဲ အတူ အဖော်အဖြစ် ဆော့လေ့ဆော့ထရှိသော ဘေးအိမ်မှ ရှောင်ကျန့်နှင့် ရွယ်တူ
ကောင်လေးပင်။

မိဘတွေရဲ့ အလုပ်အကိုင်ကိစ္စကြောင့် ကျန်းချန်လေး အလယ်တန်းကျောင်းသားဘဝလောက်မှာ Australia ကိုပြောင်းရွှေ့သွားခဲ့ကြသည်။

ကျန်းချန်ကလဲ ရှောင်ကျန့်အပေါ် တော်တော်
သံယောဇဉ်တွယ်ခဲ့သည်။ စပြောင်းစဉ်ကဆိုလျှင်
ရှောင်ကျန့်နဲ့မခွဲခွာလိုတာကြောင့် ယောကျာ်းတန်မဲ့ မျက်ရည် ပေါက်ပေါက် ကျခဲ့ဖူးသည်။

အလယ်တန်းကတည်းက ပြောင်းသွားလို့ သူလဲ အခုဆို ဟိုနိုင်ငံမှာ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီ။ ဒါပေမဲ့ ဟိုနိုင်ငံသားဆိုပြီး မာနကြီးခြင်း ချေမိုးနေခြင်း အလျဉ်းမရှိ။

ကျန်းချန်ရဲ့စိတ်ထားလေးက နူးညံ့ သိမ်မွေ့တယ်။ လူတိုင်းအပေါ်လဲ အနွံနာခံကာ ပေါင်းသင်းတတ်တယ်။ ကိုယ့်အပေါ် ရန်မူနေတဲ့ လူကိုတောင် အပြုံးနဲ့ပဲ
တုန့်ပြန်တတ်သူမို့ ရှောင်ကျန့်ကပင် အားမလို အားမရ
ဖြစ်ရသည်။

ဆူးWhere stories live. Discover now