ဆူး - Part 20 The romantic night🖤

6.1K 478 34
                                    

[ Zawgyi ]

ရိပေါ်ရဲ့ ' နှစ်ယောက်တည်းပေါ့ ' ဆိုတဲ့စကားကြား
လိုက်သည်နှင့်တပြိုင်နက် ရှောင်ကျန့် တကိုယ်လုံးကြက်သီးများထလာသည်။ဆောင်းတွင်း၏ သင်္ကေတဖြစ်သော လေနုအေးများကလည်း တသွင်သွင်တိုက်ခတ်နေတာကြောင့် ပိုလို့ပင် အသည်းခိုက်ရသည်။

သူဖတ်ဖူးတဲ့ BL fic တွေ ထဲမှာ ပလူးပလဲ လုပ်တဲ့ အပိုင်းတွေကိုပင် မျက်စိထဲ ထင်းခနဲ ပြေးမြင်သွားသည်။ ရိပေါ် ကိုရှေ့မှာထားရင်း တယောက်တည်းတွေးကာ ကြက်သီး တဖြန်းဖြန်းထကာ တုန်နေတော့သည်။

' ကော ဘာဖြစ်နေတာလဲ ။ ကျွန်တော် မေးတာဖြေအုန်းလေ ကော။ ဒီည နှစ်ယောက်တည်းလား လို့ '

ရှောင်ကျန့် ပုခုံးနှစ်ဖက်ကို လက်ဖြင့်ဆွဲလှုပ်ကာမေး
လေသည်။

' ဟင် ဪ ဟုတ် ဟုတ်တယ် '

စကားတွေဟာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကာ တကိုယ်လုံးလည်း တုန်တုန်ရီရီဖြစ်နေလေသည်။

' ကော ဘာဖြစ်နေတာလဲ '

' ဘာမှမဖြစ်ပါဘူး ချမ်း ချမ်းလို့ပါ '

ပြောတော့သာ ချမ်းတယ်တဲ့။ ကြောင်တောင်တောင်နဲ့ ငုတ်တုတ်ကြီးမေ့နေသလား မှတ်ရတယ်။ ခေါင်းထဲမှာ ဘာတွေများတွေးနေလဲမှမသိတာ။

' လာလေ ကော ။ ဒါဆို အိမ်ထဲဝင်မယ်လေ ။ '

ရှောင်ကျန့်ခါးလေးကိုဖက်ပြီး အိမ်ထဲ အတင်းဆွဲခေါ်သွားလေသည်။

' ကော ကျွန်တော် ဘယ်မှာ အိပ်ရမလဲဟင် ။ ကောနဲ့ တူတူ အိပ်လို့ရတယ်မလား '

' ဟင် ကောရဲ့ အိပ်ယာက တယောက်အိပ်ကုတင်လေ ရိပေါ်ရဲ့။ ပါပါးအခန်းမှာ ကုတင်လွတ်ရှိတယ် ။ အဲ့မှာ သွားအိပ်လိုက်ပါလား '

ခေါင်းလေးကုတ်ကာ ရှက်ကိုးရှက်ကန်းဖြင့်ပြောနေသော ရှောင်ကျန့်ကို ရိပေါ် အသည်းယားလာသည်။

' ကော '

' ဟင် '

' ချစ်တယ်ဗျာ '

စလာပြန်ပြီ ဇာတ်လမ်းဟာ။ ဒီကနေပြီး အဆင့်တွေတက်လာမှာကို ရှောင်ကျန့်စိုးရိမ်နေသည်။ ပတ်ဝန်းကျင်ဟာလဲ တိတ်ဆိတ်နေသည့်အပြင် အိမ်တစ်အိမ်လုံးမှာလည်း သူတို့နှစ်ယောက်တည်း ရှိသည်မဟုတ်ပါလား။

ဆူးWhere stories live. Discover now