ဆူး - Part 37

4.4K 432 13
                                    

( ZawGyi )

' မား ကျွန်တော် Australia သွားမလို့ '

Luggage ကြီး ဆွဲကာ အပေါ်တက်မှ အလောတကြီး ပြေးဆင်းလာသော ဝမ်ရိပေါ်။ ခရီးသွားမယ်ဆိုလဲ မိဘကို နည်းနည်းပါးပါးလေးမှ ကြိုမပြောဘဲ ဗြုန်းစားကြီး အခုလို ထွက်မယ် ဆိုတော့ မိဘတယောက်အနေနဲ့ အံ့အားသင့်သွားသည်ကတော့အမှန်ပင်။

' သား ဘယ်လိုဖြစ်တာလဲ မားလဲ ဘာမှမသိရပါလား '

' ဟုတ်တယ် အခြေအနေက အဲ့လိုဖြစ်သွားတယ်။ မကြာပါဘူး မား။ ၁ ပတ်လောက်ပဲ။ ကျွန်တော် အထူး ဧည့်သည့်တယောက်ကိုသွားတွေ့မလို့ '

အထူးဧည့်သည် ဆိုတဲ့ စကားအဆုံးမှာ ဝမ်ရိပေါ် မျက်နှာ ပြုံးယောင်သန်းနေသည်။ နေရောင်ခြည် အပြည့်အဝရထားတဲ့ ပန်းလေးလို လန်းဆန်းနေသည်။

ရှောင်ကျန့်လို့တော့ ဒဲ့မပြောရဲတာ အမှန်။ ရှောင်ကျန့် ဆိုတာနဲ့ ဂြိုလ်မွှေချင်နေသော သူ့မား ကိုကြောက်ရသည်။

' သား တယောက်ထဲလား ။ ဘယ်သူပါသေးလဲ '

' ကျွန်တော် တယောက်တည်းပါ။ flight နောက်ကျမှာစိုးလို့ ကျွန်တော် သွားတော့မယ်နော် '

လေယာဉ်ကွင်းရောက်ကတည်းက နှလုံးခုန်သံတဒုန်းဒုန်းဖြင့် တယောက်တည်း နေမထိထိုင်မသာဖြစ်နေပြန်သည်။တကယ်ပဲ ပြန်တွေ့ရမှာလား။ ကျွန်တော် ကော ကိုပြန်တွေ့ရမှာ သေချာရဲ့လား။ပြန်တွေ့ခဲ့ရင်ရော ကောက ကျွန်တော့်ကို အရင်လို ဆက်ဆံပါ့မလား။

ဘာပဲဖြစ်ဖြစ်လေ။ သံယောဇဉ်ရှိဖူးခဲ့ကြတဲ့ လူတွေဆိုတာ ဘယ်လောက်ကြာမှ ပြန်တွေ့ပါစေ အနေနီးတာနဲ့ ရင်ခုန်မှုတွေက ပြန်လည်နိုးကြားလာမှာပဲ။ ကျွန်တော်ယုံကြည်တယ်။ ကောရဲ့အချစ်တွေကို ကျွန်တော် ပြန်ယူနိုင်အုန်းမှာပါ။

လေယာဉ်စီးနေချိန် တချိန်လုံးလည်း တိမ်စိုင်တွေကိုကြည့်ရင်း ကော ဒီနိုင်ငံမှာရှိနေတာ သေချာပါစေ။ ရှာတွေ့ပါစေ ဆိုပြီး ရင်တွင်းမှ အဆက်မပြတ် ရေရွတ် ဆုတောင်းနေခဲ့မိသည်။

အကယ်၍များ မတွေ့ခဲ့ရင်တော့ သဲထဲရေသွန်ဖြစ်ရတော့မည်။ အလုပ်ကိုတောင်ခွင့်ယူပြီး တကူးတကလာခဲ့ရတာ။ flight budget ကလည်း နည်းနည်းနောနောမဟုတ်။ အချိန်တွေကိုရင်းလာရတာ။ပြီးရင် ကျယ်ပြောလွန်းတဲ့သူများနိုင်ငံမှာ ဖက်ဖက်မောအောင် လိုက်ရှာရအုန်းမည်။

ဆူးWhere stories live. Discover now