ဆူး - Part 10 ရင်ခုန်ရလွန်းသော...

7K 638 17
                                    

[ Zawgyi ]

သူအတွေးနယ်ချဲ့နေစဉ်မှာပဲ အပြင်က တီ ကနဲ ကား ဟွန်းတီးသံကို ရေချိုးခန်းထဲကပင်ကြားလိုက်ရသည်။

' မြန်လိုက်တာ ကားကို ဘယ်လိုအရှိန်နဲ့မောင်းလာတာလဲ မသိဘူး ငါက ဆပ်ပြာတောင်မတိုက်ရသေးဘူး
တကယ်ပါပဲ '

သူမြန်မြန် bath towerကို ခြုံလိုက်ပြီး ခြံတံခါးဖွင့်ပေးဖို့ ဆင်းသွားလိုက်သည်။

Bath tower လေးနဲ့ ထွက်လာတဲ့ ကောကောကြောင့် ဝမ်ရိပေါ်ရဲ့ နှလုံးခုန်သံတွေဟာ ပုံမှန်မဟုတ်တော့။ ဒီလိုပုံစံမျိုးနဲ့ ကောကောကိုမြင်ရမယ်လို့သူတွေးမှ မတွေးဖူးခဲ့တာ။ တံခါးဖွင့်ပေးနေတဲ့ ကောကိုသူသေချာကြည့်နေတော့ရှောင်ကျန့်က ရှက်ပြုံးပြုံးကာ

' လာ အိမ်ထဲဝင်လေ အဲ့လိုကြီးပဲ ကြောင်ကြည့်နေတော့မှာလား' ဆိုပြီး ခေါင်းကြီးငုံ့ကာ ပြောသည်။

' အင်း ကော ရေချိုးလို့မပြီးသေးဘူးမလား သွားလေ ကျွန်တော် မုန့်ဝယ်လာတယ် ပြီးမှစားပေါ့ '

' အင်း အင်း အပေါ်ထပ်က ကောအခန်းထဲမှာနေရင်လဲနေလေ ကော ရေချိုးပြီးရင်တက်လာခဲ့မယ် '

' ဟုတ် ဒါဆိုကျွန်တော်အပေါ်ကပဲစောင့်နေလိုက်မယ်'

ခေါင်းလေးတချက်ငြိမ့်ပြပြီး ရေချိုးခန်းထဲကိုပြေးသွားတာများ ကလေးလေးတယောက်လိုပဲ။ ဒီလိုသာ အတူနေ့တိုင်းနေခွင့်ရခဲ့ရင် ဘယ်လောက်တောင်ကြည်နူးစရာ ကောင်းလိုက်မလဲနော်။

ဒီလို ကောရဲ့ချစ်စရာကောင်းတဲ့အမူအရာ လေးတွေကိုနေ့တိုင်းမြင်ချင်နေတာ ကျွန်တော့်အပြစ်လား?

သူတွေးနေစဉ်ခဏအတွင်းမှာပဲ ကောက အခန်းထဲကိုဝင်လာပါလေရော။ သူ့ဗီရိုထဲက အင်္ကျီ လိမ္မော်ရောင်လေးကိုဆွဲပြီး ရိပေါ် ရှေ့မှာပဲ ဝတ်လိုက်သည်။ ရိပေါ်ရဲ့မျက်လုံးတွေကတော့ သူ့ကောဆီက နည်းနည်းမှတောင်မရွေ့။

ချစ်ဖို့ကောင်းလိုက်တာ ကောရယ် ကောရဲ့ကြည်လင်နေတဲ့ အသားအရေလေးနဲ့အဲ့ လိမ္မော်ရောင် အင်္ကျီလေးက ဘာလို့အဲ့လောက်တောင်လိုက်ဖက်နေရတာလဲ။ လိမ္မော်သီးလေးကျလို့။

ဆူးWhere stories live. Discover now