ဆူး - Part 6 ပထမအကြိမ်ဝန်ခံမိခြင်း

8.8K 802 27
                                    

[ Zawgyi ]

Break time ရောက်တော့ ရိပေါ် က ကောနဲ့ အရင်လိုပဲ ထမင်းစားမယ်ဆိုပြီး canteen ကိုအလာ မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုအတော်ဒေါသထွက်စေတယ်။

ဘယ်ကမှန်းမသိတဲ့ မိန်းမ၂ယောက်နဲ့ ရယ်ပြုံးပြီးစကားပြောရင်း အအေးသောက်နေတာ။ရိပေါ် ဘာမှမလုပ်နိုင်ဘဲ ရပ်နေမိသည်။ ဒါကိုလှမ်းမြင်တဲ့ ရှောင်ကျန့်ကတော့

' အော် ရိပေါ် လာလေ ဘာရပ်လုပ်နေတာလဲ '

' တော်ပါပီ ထမင်းစားချင်စိတ်မရှိတော့ဘူး'
အသံများတုန်ယင်ကာ ကောဘေးမှာထိုင်နေတဲ့ နှစ်ယောက်ကို မျက်စောင်းထိုးကာပြောလိုက်ပြီး လှည့်ထွက်မည်လုပ်စဉ်

ဟိုကတော့ မိန်းမတွေဆိုတော့ သူတို့ကိုထိတော့မခံနိုင်ဘဲ

' နင်ငါတို့ကိုဘယ်လိုမျက်လုံးနဲ့လာကြည့်နေတာလဲ senior ကို senior လိုဆက်ဆံလေ မသိရင်
လင်လုဘက်ကျနေတာပဲ ။ လူကို လာရမ်းနေတယ် သွား သွား အာရုံနောက်တယ် '

' ဟဲ့ ပြောမနေနဲ့ သူ့လိုကောင်ကို။ ကျန့်ကျန့်
စာဆက်ရှင်းပြနော် '

ရှောင်ကျန့်ကတော့ ဒီရန်ပွဲကြားဝင်ပဲပါရမလို ငြိမ်နေရမလိုနဲ့ ကြောင်အမ်းအမ်းဖြစ်နေစဉ် ရိပေါ် ကသူတို့ဘက်ပြန်လှည့်လာပြီး စားပွဲကို သူ့လက်နဲ့ ဘုန်းခနဲ မြည်အောင် ထုချလိုက်သည်။

စားပွဲပေါ်မှာရှိတဲ့ အအေးခွက်တွေလဲ ကွဲ စာအုပ်တွေလဲပြုတ်ကျနဲ့ လူတွေကလဲ ဝိုင်းကြည့်လို့။

' ရိပေါ် ဒါဘာလုပ်တာလဲ မကျေနပ်တာရှိရင် ပြောလေ ဒီလို အသားလွတ်ကြီး လာသောင်းကြမ်းနေရအောင် ဒါကျောင်းနော် ဈေးထဲမဟုတ်ဘူး '

ဆိုပီး အသံမာမာနဲ့ ပြောလိုက်တဲ့ ရှောင်ကျန့်ကြောင့် ရိပေါ် ရင်ထဲ နင့်သွားသည်။ သူ့ခံစားချက်တွေကိုဘာလို့ဒီလောက်တောင်နားလည်မပေးနိုင်ရတာလဲ။

ရှောင်ကျန့်လဲ သူပြောပြီးမှ နည်းနည်းလွန်မှန်းသိသွားတယ်။

' ရိပေါ် ဘာဖြစ်လာတာလဲ ကောကိုပြောပြ'

' ဒီမှာ  နင်တို့က senior ဆိုရင်လဲ ငါက နင်တို့အပေါ် ဘာ respect မှရှိမှာမဟုတ်ဘူး ပြောတော့ senior တဲ့ ဟား ဟား နင်တို့ပြောတဲ့ senior ဆိုတာ ဒီလို ယောကျာ်းတယောက်ဘေးကနေ ချွဲပစ်ပြီး ကပ်နေရတယ်တဲ့လား '

ဆူးWhere stories live. Discover now