ဆူး - Part 23

4.9K 436 29
                                    

(ZawGyi )

' ဒေါက်တာ ကော ဘာဖြစ်တာလဲဟင် စိတ်ပူရလား။ ဘယ်လိုလုပ်ရင်သက်သာမလဲ '

ဆရာဝန်ရဲ့လက်ကိုဆွဲကာ အမောတကောဖြင့် မေးခွန်းပေါင်းများစွာကို မရပ်မနား မေးနေသော ဝမ်ရိပေါ်ပင်။

' စိတ်အေးအေးထားပါ။ သာမန်အအေးမိတာပါ။ ခဏလောက်နေရင်တော့ သတိပြန်လည်လာမှာမို့လို့ စိတ်မပူပါနဲ့။ ဒါနဲ့ လူနာနဲ့ဘာတော်တာလဲ ခင်ဗျ '

ရိပေါ် ခေါင်းတချက်ငုံ့ကာ ခေတ္တစဉ်းစားလိုက်ပြီး ခပ်တည်တည်ဖြင့်သာ အဖြေပေးလိုက်သည်။

' ကျွန်တော့်ချစ်သူပါ '

ဆရာဝန်မှာ မထင်မှတ်ထားသော အဖြေကြောင့် ဝမ်ရိပေါ်ကိုနားမလည်သလို ပေစောင်းစောင်းကြည့်လာသည်။

' ဘယ်လို '

' ခင်ဗျား နားမကြားဘူးလား။ ကျွန်တော့်ချစ်သူလို့ပြောနေတယ်လေ။ လူတွေလဲ အဲ့ဒါပဲ။ ယောကျာ်းလေးဖြစ်တိုင်း မိန်းမကိုပဲကြိုက်ရမယ်လို့ တသွေမတိမ်း တွေးနေကြတယ်။ သူ့နှလုံးသားနဲ့သူပဲ။ ချစ်ချင်တဲ့သူ ကိုချစ်မှာပေါ့။ ခက်လိုက်တာ '

' ကျွန်တော်လည်းဘာမှမပြောမိပါဘူး ။ လူနာရှင်က ဒီကညီလေးဆိုလဲ လူနာနိုးလာတာကိုသေချာစောင့်ကြည့်ထားပေးဖို့နဲ့ တခုခုလိုရင် အကြောင်းကြားဖို့ မှာချင်လို့ပါ။ '

' ဟုတ်ပြီ ဟုတ်ပြီ။ ကျွန်တော် သေချာကြည့်ထားမှာ။ မပူနဲ့'

ရိပေါ် ရှောင်ကျန့်ကြောင့်ရတဲ့ အပူမီးဟာနီးစပ်ရာလူကိုပင် လိုက်ဟပ်နေတော့သည်။ဒီအချိန်မှာ သူ့အတွက် အလိုအပ်ဆုံးက သူ့ကော ပြန်သတိရလာဖို့ပဲ။ သူ
တခြားဘယ်အရာမှ ခေါင်းထဲတွင်မရှိတော့။သူတွေးမိပါသည်။ ကောရဲ့ မိဘတွေလဲ သူ့သားလေးပြန်မလာသေးလို့ အပူတပြင်း ဖြစ်နေလောက်ပြီဆိုတာ။ သို့သော် မတတ်နိုင်ပါ။ ကောရဲ့ မိဘတွေဆီ ဖုန်းလေးနှင့်တောင် ဒီအခြေအနေကိုသူသတင်းမပို့ခဲ့ချေ။

အကယ်၍ သတင်းပို့ခဲ့ပါက ကောကို သူတို့အိမ်ကိုပြန်ခေါ်သွားကြတော့မည်ပင်။ ဒါပင်မကသေး။ သူ့မားကိုယ်တိုင်ကလည်း ကော အိမ်ကိုသွားပြီး ကြမ်းကြမ်းတမ်းတမ်းတွေပြုမူပေအုန်းမည်။ တွေးကြည့်လိုက်ပါက နောက်ဆက်တွဲတိုင်းသည် ရင်လေးစရာပင်။သူ့ကော ကိုသူမှတစ်ပါး တခြားဘယ်သူမှ လိုက်ရှာလို့မရအောင် ဖွက်ထားတော့မည့် သူ၏ဆုံးဖြတ်ချက်သည်သာ အသင့်လျော်ဆုံးဖြစ်ကြောင်း သူတစ်ထစ်ချတွေးလိုက်သည်။

ဆူးWhere stories live. Discover now