ဆူး - Part 22

5.2K 449 19
                                    

(ZawGyi)

ခပ်သွက်သွက်ခြေလှမ်းများဖြင့် ရှောင်ကျန့် အိမ်ရှေ့သို့ ရိပေါ်ရောက်လာခဲ့သည်။ အရိုးစိမ့်အောင်အေးသော ဆောင်းရာသီမှာပင် ခိုးကြောင်ခိုးဝှက် အလုပ်လုပ်ရတာ ကြောင့်အပြင် အိမ်ကမမိအောင် အမြန်ထွက်ပြေးလာတာကြောင့် ချွေးတလုံးလုံးဖြင့် အပေါ်ကထပ်ဝတ်လာသော long coat ကိုပင် ဆွဲချွတ်လိုက်ရသည်။

လမ်းမထက်ကနေ ရှောင်ကျန့်ရဲ့ အပေါ်ထပ်လေးကိုလှမ်းကြည့်တော့ စာရေးစားပွဲပေါ်တွင် ဘောပင်လေးတချောင်းနှင့် စဉ်းစားလိုက် စာရေးလိုက် လုပ်နေလေသည်။

အောက်ကနေ ရိပေါ် လက်ပြကာ ' ကော ' ဟု မကျယ်တကျယ် အော်ခေါ်လိုက်သည်။

စာရေးနေရာကနေ ဘောပင်လေးချပြီး ဝရန်တာမှ
အောက်ထပ်သို့ပြေးဆင်းလာသည်။

အပြုံးဆိုလို့ ရိပ်ရိပ်ကလေးတောင် ကောရဲ့မျက်နှာပေါ်တွင် ထင်ဟပ်မသွားပါ။

Hoodie နက်ပြာရောင် လေးကို ဂျင်းဘောင်းဘီ အမဲလေးနှင့် တွဲဝတ်ထားသော ရှောင်ကျန့်ပုံစံမှာ အရင်လို အိမ်နေရင်း ပေါ့ပေါ့ပါးပါးပုံစံမဟုတ်မှန်း ရိပေါ် သတိထားမိသည်။ သူလာမှာ မို့လို့များ ဒီလို တမင်ပြင်ဆင်ထားလေသလား။

' ဘာပြောမှာလဲ။'

ကောရဲ့အသံဟာ တော်တော်လေး တည်ငြိမ်နေသည်။
ပျော့ပျောင်းညင်သာမှုတစ်စက်ကလေးမှ မစွတ်သည့်အပြင် မျက်နှာထားဟာလည်း တင်းမာပြီး လက်ပိုက်ကာ မျက်လုံးစိမ်းများဖြင့် ကျွန်တော့်အား
စိုက်ကြည့်နေလေသည်။

' ကော ကျွန်တော်နဲ့လိုက်ခဲ့ပါ ။ '

' ဘယ်ကိုလဲ '
ရိပေါ် ဂရုမစိုက်ဟန်ဖြင့် လုံးဝပြန်မဖြေဘဲ လက်ကို အတင်းဆွဲကာ ပြေးတော့သည်။

' ဝမ်ရိပေါ် လွှတ်နော် ဘာတွေများထက်ပြီး ဒုက္ခပေးအုန်းမလို့လဲ ။ ကျောင်းမှာလဲ ကုန်းကောက်စရာမရှိအောင် သိက္ခာကျခဲ့ပြီးပြီ။ ပြီးတော့ စော်စော်ကားကား ပြောဆိုဆက်ဆံတာတင်အားမရလို့ ပါးရိုက်တဲ့လူတောင်ရှိသေးတယ် ။ အခုရော ဘာလဲ။ ဘယ်ခေါ်သွားချင်လို့လဲ '

လူပြတ်သော ကားလမ်းမအလယ်တွင် ရုန်းရင်း ဆန်ခတ်နှင့် အော်ကြီးဟစ်ကျယ် မဟုတ်ပေမဲ့ ကြိတ်ကာ အချင်းများနေသော သူတို့နှစ်ယောက်၏ပုံစံမှာ မတင့်တယ်လှချေ။

ဆူးWhere stories live. Discover now