ဆူး - Part 21

5.9K 449 48
                                    

[ Zawgyi ]

နွေးထွေးသော နေရောင်ခြည်သည် ပြတင်းပေါက်မှ တဆင့် ရှောင်ကျန့်၏ မျက်နှာပေါ်သို့ တည့်တည့်ကျရောက်နေလေပြီ။ မိုးလင်းတာတောင် မသိလိုက်သည်အထိ သူ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပါ၏။

မျက်လုံးအစုံကို လက်ဖြင့်ပွတ်သတ်ပြီး အသာအယာဖွင့်ကြည့်လိုက်ရာ စူးရှသော နေရောင်က သူ့မျက်လုံးအိမ်သို့ လာရောက်ထိမှန်လေသည်။

သူ့ဘေးဘက်ကိုကြည့်ပြန်တော့လည်း ရိပေါ်ကိုမတွေ့ရချေ။ ချက်ချင်းပင် ငေါက်ကနဲထထိုင်လိုက်သည်။

ရိပေါ် ပြန်သွားတာလား ။

အပြေးအလွှားပင် အိပ်ယာပင် မသိမ်းနိုင်ဘဲ အောက်ထပ်သို့ပြေးဆင်းလေသည်။

' ရိပေါ် ရိပေါ် '

မျက်လုံးလေးကို လက်နှစ်ဖက်ဖြင့်ပွတ်သပ်ရင်း နေရာအနှံ့သို့ကြည့်ကာ ရိပေါ် ကိုလိုက်ရှာနေမိသည်။
ဘယ်မှာမှမတွေ့တာကြောင့် ခေါင်းလေးကုတ်ရင်းစဉ်းစားနေစဉ်
မှာပဲ အနောက်ကနေ ခါးကိုလှမ်းဖက်လာသော လက်တစ်စုံကြောင့် တကိုယ်လုံး သိမ့်ခနဲတုန်တက်သွားသည်။

ခေါင်းလေးကိုအနောက်လှည့်ကြည့်ကာမှ တွေ့လိုက်ပါပြီ။ သူ့ရဲ့ တစ်ဦးတည်းသော ကလေးလေး ဝမ်ရိပေါ်။ သူ့မျက်နှာလေးကို ပြုံးရင်း တစိမ့်စိမ့်ငေးကြည့်နေလေသောရိပေါ် ကြောင့် စောစောစီးစီး ရင်ခုန်ရပြန်သည်။

' ရိပေါ် ရယ် လွှတ်ပါ။ ကော မျက်နှာတောင် မသစ်ရသေးဘူး '

' အိပ်ယာနိုးနိုးချင်း အလှလေးက ကွာ ၊ ချစ်လို့ ရူးပြီ
ကောရေ '

ဟင်! အိပ်ယာနိုးနိုးချင်း အလှတဲ့လား။ အဲ့ဒါ မိန်းကလေးတွေကိုပဲ ပြောရတာမဟုတ်ဘူးလား။ ဒါဆို ငါက သူ့မိန်းမလား။အားးး ပြုံးစိစိနဲ့ ပြောနေလိုက်တာများ
ရူးတော့မှာပဲ။

' ကဲ ကဲ မျက်နှာလေးသွားသစ်လိုက်အုန်း ။ မနက်စာလဲ ပြင်ထားပြီးပြီ ကျွန်တော် '

' အင်း အင်း '

သေချာကြည့်တော့မှ ရှောင်ကျန့် သတိထားမိတော့သည်။ ရိပေါ် ဝတ်ထားသည်မှာ သူ့အင်္ကျီနှင့်ဘောင်းဘီပင်။ ဘယ်အချိန်ထဲက ဘယ်လိုရှာဖွေပြီးလဲထားသလဲတော့ မပြောတတ်ပေ။

ဆူးOù les histoires vivent. Découvrez maintenant