ဆူး - Part 41

4.9K 405 12
                                    

( ZawGyi )

ခေါင်းအုံးထက်မှ စိုစွတ်သွားသောရေကွက်လေးက မျက်ရည်စက်များဖြစ်ကြောင်းသက်သေပြနေလေသည် ။

ဟုတ်တယ်။ ကျွန်တော်ဒီစကားကိုတောင့်တနေခဲ့တာ။အချိန်အတော်ကြာအောင် ကောဆီက ချစ်တယ်ဆိုတဲ့စကားကိုမကြားခဲ့ရဘူး။ တော်ရုံဆို ကောက အရှက် အကြောက်ကြီးတော့ ချစ်တယ် ဆိုတဲ့ စကားလုံးကိုလွယ်လွယ်မပြောတတ်ဘူး။

ဒီတစ်ခါမှ မှတ်မှတ်ရရ တတိယအကြိမ်လားပဲ။

ကားတိုက်ခံရပြီးသွေးထွက်သံယိုဖြစ်မှ ချစ်တယ် ဆိုတဲ့ စကားသံလေးကြားရမယ်ဆိုရင် ကျွန်တော် ကားဆယ်စီးလောက်ဆင့်တိုက်ခံရရင်တောင်မဖြုံပါဘူး။

ပျော်တယ်။ တစ်ကိုယ်လုံးမတူညီတဲ့ နာကျင်မှုတွေရှိနေပေမယ့် ကျွန်တော်ကျေနပ်တယ်။ ဒီစကားတစ်ခွန်းနဲ့တင် ကျွန်တော့်ဝေဒနာတွေတစ်ဝက်လောက်လျော့ကျသွားပြီ။

' ကော တရားခံကိစ္စဘယ်လို.. '

' မပြောနဲ့အုန်း ရိပေါ်။ အခုချိန်မှာ ရိပေါ် ထက်အရေးကြီးတာမရှိဘူး။ တရားခံဟာ ဘယ်သူပဲဖြစ်ဖြစ် တစ်ချိန်ချိန်တော့ အမှန်တရားက ပေါ်လာမှာပါ။ ရိပေါ် ဒါတွေကိုအာရုံမထားပါနဲ့။ အမြန်ဆုံးသက်သာသွားအောင်သာ ကြိုးစားပေး နော် '

ရှောင်ကျန့်လက်များအား အပေါ်မှ အုပ်မိုးဆုပ်ကိုင်ထားကာ ခေါင်းညိတ်ပြလိုက်သည်။

~~~~

မှန်ပြတင်းပေါက်မှတစ်ဆင့် ဆေးရုံဝန်းထဲရှိ အခြားလူနာများ သူတို့ လူနာရှင်များနှင့် လမ်းလျှောက်နေကြသည်ကို ထိုင်ငေးမောနေလေသော ရိပေါ်။

အခန်းတံခါးကို ဖြေးဖြေးချင်းဖွင့်ပြီး ဝင်လာခဲ့ရာ ရိပေါ်ရဲ့ ဒီလိုပုံစံကို မြင်တော့ ရှောင်ကျန့် ရင်ထဲမကောင်း။

ဖြစ်နိုင်ရင်ကျွန်တော်သာ ကိုယ်စားဝင်ခံပေးလိုက်ချင်တယ်။ ကျွန်တော်တန်ဖိုးထားရတဲ့လူ ဒီလိုပုံစံဖြစ်နေတော့ ရင်ထဲမချိမဆံ့ပဲခံစားရတယ်။ထုတ်မပြောဖြစ်ပေမယ့် သူတစ်ခုခုဖြစ်တိုင်း ပြာပြာသလဲနဲ့ကျွန်တော့်မှာ စိတ်ပူလိုက်ရတာ။

ဆူးWhere stories live. Discover now