ဆူး - Part 34

3.8K 395 39
                                    

( ZawGyi )

အပြီးတိုင်ထွက်သွားပေးရမယ်?ဒီစကားလုံးကို ပြောထွက်နိုင်ဖို့ ကံကြမ္မာက အခွင့်အရေးပေးလိုက်တာပဲ။ ဘယ်လိုနှင်နှင် ထွက်မသွားနိုင်တဲ့ လူတယောက်ကို တစ်ဘဝလုံးစာ နှင်ထုတ်ဖို့ လမ်းစတွေ့သွားတာပါလား။

မျက်ရည်စများသည် မကျချင်ပါဘဲ တောက်ခနဲ ကျဆင်းလာပြန်သည်။ ဘာကြောင့်များ ဒီအမျိုးသမီးရှေ့ရောက်တိုင်း သူဟာ အလိုလို ပျော့ညံ့တဲ့ယောကျာ်းအသွင်ဖြစ်နေရတာလဲ။

' မိဘတယောက်က သားသမီး အပေါ်ထားတဲ့ မေတ္တာတွေကို ကျွန်တော် အတိုင်းသား မြင်လိုက်ရပါတယ် အန်တီ။အန်တီ့သားလေးဘဝရှေ့ရေးအတွက် ဆူးငြောင့်ခလုတ်ဖြစ်နေတဲ့ ကျွန်တော့်ကို ခွေးလိုနွားလို နှင်ထုတ်ချင်နေတာ အမှားတော့မဟုတ်ပါဘူး။ '

' မင်းနားလည်မယ်လို့ ငါမျှော်လင့်ထားပြီးသားပဲ။ သိပ်အချိန်ဆွဲနေလို့တော့ မကောင်းဘူးထင်တယ် '

' ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ပြောပါရစေ။ ကျွန်တော့်မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တယ် ဆိုတဲ့ စကားလေးတစ်ခွန်းလောက် ပြောတတ်ရုံလောက်နဲ့ ကျွန်တော့်ရင်တွင်းခံစားချက်ကို တစ်စက်ကလေးမှ အကဲမခတ်တတ်တဲ့ ဒီကလေးကို ကျွန်တော် သည်းခံပြီး ပေါင်းပေးခဲ့တယ်။ပေးဆပ်နိုင်သလောက် ပေးဆပ်ခဲ့ပြီးပြီ။ဝန်ခံပါတယ်။ကျွန်တော့်ဘက်ကလည်းသူ့ကို နှစ်နှစ်ကာကာ ချစ်ခဲ့မိတယ်။ဒါပေမဲ့ ဒီအချစ်ကို ကျွန်တော် ဆက်တန်ဖိုးမထားနိုင်တော့ဘူး။ မထိန်းသိမ်းနိုင်တော့ဘူး။ကိုယ့်သွေးကိုယ့်သားလောက်ပဲ ကာကွယ်တတ်တဲ့ မိဘလက်အောက်က ဒီကလေးနဲ့ အတူတူဆက်နေနေလည်း ကျွန်တော်က သူ့ချစ်သူမှ မဟုတ်တော့ဘဲ။ဝတ်ကြွေးတွေ ဒီမှာတင် ကြေသွားပြီလို့ သဘောထားလိုက်ပါတယ်။နောက်ထပ် ဆက်နွှယ်မှုတွေဆိုတာရှိလာတော့မှာ မဟုတ်ပါဘူး။ '

ပါးပြင်ပေါ်မှ မျက်ရည်စများကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်းမျက်စိစုံမှိတ်ကာ အံတင်းတင်းကြိတ်ရင်း နာကျည်းမှုတို့ကို တပွေ့တပိုက်ကြီး ခံယူနေလေသည်။

' ရှောင်ကျန့် နင် နင် ဘာလို့ ဒီကိစ္စတွေကို မားကို နည်းနည်းမှ မပြောပြခဲ့တာလဲ။ နင်ဘာလို့ အဲ့လို အိမ်က ကလေးကိုမှ သွားချစ်ရတာလဲ အရူးရဲ့။ နင့်မှာ မာန မရှိဘူးလား ဟမ်။ သူများတွေ နင့်အရွယ် ဘွဲ့ရပြီး အလုပ်ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်ဖြောင့်ဖြောင့်လျှောက်နေကြတဲ့ အချိန်မှာ နင်က နင်က ဘာလို့ အဲ့လို သူတို့မိသားစု ကြိုးဆွဲရာကနေတာလဲ။ငါနင့်ကို ဘယ်လိုမွေးခဲ့လဲ ရှောင်ကျန့် ။ နင် အလကားပဲ ။ နင် က အလကား '

ဆူးWhere stories live. Discover now