ဆူး - Part 11 လွမ်း...

6.6K 581 35
                                    

[ Zawgyi ]

ရိပေါ် မေးလိုက်တဲ့ မေးခွန်းက ရှောင်ကျန့်အဖို့ လွယ်သယောင်နှင့် အခက်တွေ့စေသည်။ ဟုတ်တယ် လို့ဖြေရင်လဲ သူ့ကို ယောကျာ်းမစစ်ဘူးလို့ အပြောခံရမှာကြောက်သည်။ မဟုတ်ဘူးလို့ဖြေလို့လဲမရ။သူလဲ မထူးတော့တာနဲ့ ပြောင်ချော်ချော် မျက်နှာထားဖြင့်သာ

' အင်း ဖတ်တယ်လေ အပျင်းပြေပေါ့ ' လို့ပဲ
ပေါ့ပျက်ပျက်ဟန်ဖြင့်သာဖြေလိုက်သည်။

' အဲ့မှာကြည့် အဲ့စာအုပ်စင် အောက်ထပ်က ကောရဲ့ ဝတ္ထုစာအုပ်တွေချည်းပဲလေ ကောက BL တွေပဲ
ဖတ်တာတော့မဟုတ်ပါဘူး normal တွေလဲဖတ်ပါ
တယ် ဒါပေမဲ့ ဒီ စာအုပ်က အရေးအသားလေးတွေ
ကောင်းတယ် ဇာတ်လမ်းလေးကလဲ သူများနဲ့မတူဘူးလို့ ယွီပင်းတို့ပြောတာနဲ့ ဖတ်ကြည့်မလားလို့ပါ'

ပြောရင်းသူ့စာအုပ်စင်ကိုလက်ညှိုးထိုးပြီး ဝတ္ထု
စာအုပ်တွေကို ရိပေါ်မြင်အောင်ပြနေလေသည်။

' ဪ ကော ကိုတခုလောက်မေးမယ်နော်'

' အင်း မေးလေ '

' ကော အချစ်ဆိုတဲ့ အရာကိုဘယ်လိုခံယူထားလဲ '

ရုတ်တရက်ကြီး ဝတ္ထုစာအုပ်အကြောင်းပြောနေရင်းကနေ ဒီအကြောင်းကြီး ရောက်လာတော့ ရှောင်ကျန့် နည်းနည်းတော့ ကျောချမ်းသွားသည်။ လေးလေး
နက်နက်နဲ့ကို သူ့မျက်နှာကိုကြည့်ကာ မေးနေတာ
ကြောင့်ရော ။ ခုနက ယွီပင်းပြောထားတဲ့ အကြောင်းကိုပြန်တွေးမိတာကြောင့်ရော။

သူဘာဖြေလိုက်ရမှန်းမသိပေမယ့် ခဏလောက်ပဲစဉ်းစားလိုက်ပြီး စိတ်ထဲရှိတဲ့အတိုင်းသာ ဖြေလိုက်တော့
သည်။

' အချစ်ဆိုတာကို ဘယ်လိုခံယူထားလဲဆိုတော့
ပူလောင်မှုတစ်ခုလို့ပဲမြင်တယ် အနည်းနဲ့အများ
တော့ ပေးဆပ်ရတာပဲလေ။ရည်းစားမဖြစ်ခင်ကလဲ သူများနောက်ပါသွားမှာစိုးလို့ ပူလောင်တယ်။ ရည်းစားရသွားပြန်တော့လဲ သဝန်တိုရပြန်တာပဲ။ '

တချက်ပြုံးကာဆက်ပြောသည်။

' ဘာလဲ ရိပေါ်မှာ ချစ်ရတဲ့သူရှိနေပြီလား ကောကို
နည်းနည်းပါးပါးပြောပြပါအုန်း'

ဆူးWhere stories live. Discover now