ဆူး - Part 15 ချစ်ရေးဆိုခဲ့ခြင်း

5.7K 551 30
                                    

[ Zawgyi ]

ရိပေါ် ရှောင်ကျန့် အိမ်သွားရန် အရင်နေ့တွေက
ထက်ပိုပြီး ကြည့်ကောင်းအောင်ပြင်ဆင်နေလေသည်။

ရှောင်ကျန့် အိမ်ရောက်နေတဲ့ ကျန်းချန်ကို သူမြင်
တောင်မမြင်ရသေး။ အသားလွတ်ကြီး မုန်းနေမိသည်။အခြားနိုင်ငံသားတယောက်လိုဖြစ်နေတာကြောင့် သူ့ထက်များပိုကြည့်ကောင်းနေမလားဆိုပြီးလဲ စိုးရိမ်မိသည်။

ရှင်းရှင်းပြောရလျှင် ကျန်းချန်ထက်ပိုပြီး တဗန်းသာလို
ခြင်းသာ။

ရှောင်ကျန့် အိမ်ကို သူလက်ဗလာနဲ့တော့မသွားနိုင်။ကျန်းချန် သူ့ကို အထင်သေးမှာကိုလဲကြောက်သေး
သည်။ ဒါ့ကြောင့် Gucci perfume တဗူးကို ချက်ချင်း Online ကအပြေးအလွှားမှာလိုက်သည်။

ရိပေါ် ကားရပ်ပြီး ခြံထဲဝင်ခါစမှာ အိမ်ရှေ့ အပေါက်ဝ
ကုလားထိုင်ပေါ်မှာ ခြေထောက်ချိတ်ပြီး ထိုင်ကာ ဖုန်းသုံးနေသော ခပ်လန်းလန်းကောင်လေးတယောက်ကိုတွေ့လေသည်။

ဂျင်းဘောင်းဘီ နက်ပြာလေးနဲ့ T shirt အမဲလေး
ဝတ်ထားတဲ့ ကျန်းချန်ရဲ့ အသားအရေလေးဟာ
ကြည်လင်လို့ နေသည်။

အပြင်ကလှမ်းကြည့်လိုက်ရုံနှင့် ချောမောပြေပြစ်မယ့်
ယောကျာ်းလေးတယောက်ဆိုတာ ရိပေါ် ခန့်မှန်းမိ
သည်။

သူတွေးမိလိုက်သည်က သူ့ကောဆို ဘယ်တော့မှ
အိမ်နေရင်း ဂျင်းဘောင်းဘီရှည်တွေ ဝတ်လေ့ဝတ်ထ မရှိတော့ အဲ့နေရာမှာ ထိုင်နေတဲ့လူဟာ သေချာပေါက် သူမမြင်ရသေးခင် မုန်းတီးနေရတဲ့ ဟိုကောင်ဖြစ်နေပြီ
ဆိုတာ သိလိုက်သည်။

online ကမှာထားတဲ့ Gucci perfume ကို သေချာ လှပနေအောင် parcel ပိတ်ပြီးအိမ်ထဲသို့ ခပ်တည်
တည်ပင်ဝင်သွားလိုက်သည်။

ဝင်ဝင်ချင်း အပေါက်ဝမှာ ထိုင်နေတဲ့ကျန်းချန်ကို သူ
တွေ့လိုက်ရသည်။

အော် ကောနဲ့ဖုန်းပြောတဲ့ ကျန်းချန်ဆိုတာ ဒီကောင်ကိုး။ ငါ့လောက်တောင် ရုပ်ရည်က မဖြောင့်ပါလား။အပြင်မှာ တကယ်တမ်းမြင်တော့လဲ မင်းက
ကျက်သရေတုံးနေတုန်းပဲ။

ဆူးWhere stories live. Discover now