ဆူး - Part 26

4.3K 393 32
                                    

( ZawGyi)

ဝမ်ရိပေါ်ရဲ့ အိမ်ကိုရောက်လေတော့ ရှောင်ကျန့် မှာ ကလေးငယ်လေးတယောက် ပန်းခြံထဲရောက်သွားသလိုပင် တမေ့တမော လိုက်ကြည့်နေမိသည်။အိမ်ထဲသို့ဝင်ရန် ခြံဝန်းကြီးကိုပင် မောနေအောင် ဖြတ်သွားရသဖြင့် တော်တော်လေး အံ့သြရသည်။

' သားလေး အပေါ်ထပ်မှာ နှစ်ယောက်ခန်းအလွတ်ရှိတယ်လေ။ အဲ့မှာ သားတို့နေကြပေါ့ '

သားဖြစ်သူ ဝမ်ရိပေါ်ကိုကြည့်လျက် ကားပေါ်မှ အထုပ်တွေဆွဲလျက်ဖြင့် စကားဆိုလာသော သူမ၏ မျက်နှာမှာ ကြည်လင်လျက်သားပင်။ သဘောမကျဟန် မကျေနပ်ဟန် ပေါက်ကွဲနေဟန်တို့မှာ လုံးဝကင်းစင်နေသည်။

' ဟုတ် မား။  ဪ ဒါနဲ့ ကော ကျွန်တော် ကော အတွက် အဝတ်အစားတွေသွားဝယ်လိုက်မယ်အခု '

' နေပါစေ ရိပေါ်ရဲ့။ကော အိမ်ပြန်ပြီး အဝတ်အစားလေးတွေသွားယူလိုက်မယ် ။ ကော မိဘတွေလည်းစိတ်ပူနေမှာပေါ့။ '

' ဒါဆိုလဲ ပြီးရောလေ ကျွန်တော်လိုက်ပို့ပေးမယ် '

မိန်းမရခါစ ပြာပြာသလဲ နှင့် ထားစရာမရှိလောက်အောင် အောက်သက်ကြေပြနေသာ ယောကျာ်းတစ်ဦးဟန်ပန်ဖြစ်နေသည့် ဝမ်ရိပေါ် အားသူ့ မာမားက စောင်းမြောင်းကြည့်နေသည်ကိုတော့ သူတို့နှစ်ဦးမသိချေ။

' မား ကျွန်တော်တို့သွားလိုက်အုန်းမယ် '

' အန်တီ ကျွန်တော့်ကိုသွားခွင့်ပြုပါအုန်း '

နှစ်ဦးသားပြိုင်တူနှုတ်ဆက်ပြီး အနက်ရောင် Ford ကားလေးဟာ ခြံဝန်းထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

အိမ်ရောက်လာလေတော့ ရှောင်ကျန့်ရဲ့မားဟာ ပန်းခြံထဲမှာ ပန်းပင်တွေကိုရေလောင်းရင်းတယောက်တည်း အလုပ်ရှုပ်နေလေသည်။

ဆံပင်ကိုသေသေသပ်သပ်စည်းနှောင်မထားသည့်အပြင် မျက်နှာမှာလည်း ဖျော့တော့နေတာကြောင့် ရှောင်ကျန့် မြင်မြင်ချင်း ရင်ထဲအောင့်တတ်သွားသည်။

' မား '

အသံလေးကြားလိုက်သည်နှင့် ရေလောင်းနေရင်းက ချက်ချင်းအမောတကောပြေးကြိုလေသည်။

ဆူးWhere stories live. Discover now