ဆူး - Part 7

8.2K 647 18
                                    

[Zawgyi ]

အခုမှရှောင်ကျန့်ပြန်စဉ်းစားမိသည်။ ဒီမုန့်တွေအတွက်သူကျေးဇူးတင်စကားရိပေါ်ကိုမပြောရသေး။ မနက်ကတော့ ကျောင်းမှာပြဿနာ ဖြစ်နေလို့မပြောဖြစ်လိုက်ဘူး။

အပြန်ကားပေါ်မှာတွေ့ပြန်တော့လဲ နှစ်ယောက်သားရှက်ကိုးရှက်ကန်းတွေဖြစ်ပြီး စကားသိပ်ကောင်းကောင်းမပြောခဲ့ရပြန်ဘူး။သူ့ရဲ့ လူတစ်ဖက်သားအပေါ် အင်မတန် အားနာတတ်တဲ့ စိတ်ကြောင့် ရိပေါ်ကို ဖုန်းဆက်ပြောဖို့သာ တထစ်ချဆုံးဖြတ်လိုက်သည်။

-----------
အမှန်တကယ်တော့ ရိပေါ်လဲ ရှောင်ကျန့်ကိုဖုန်းတွေဆက်ချင်နေခဲ့တာပါ အရင်ဆို ညတိုင်းဖုန်းဆက်နေကြမဟုတ်လား။ ဒီနေ့ကျတော့ သူမနက်ကပြုမူခဲ့တဲ့အမူအရာတွေကြောင့်ရော ချစ်တယ်ဆိုပြီး ဝန်ခံမိခဲ့တာကြောင့်ရော သူ ကောကို အပြင်မှာ လူချင်းမပြောနဲ့။ဖုန်းထဲကပင် ရင်မဆိုင်ရဲတော့ပေ။

ကော ဘက်က များဖုန်းဆက်လာမလားဆိုပြီး စာလုပ်နေရင်း စားပွဲပေါ်မှာ ဖုန်းကို ချထားလျက် တချက်တချက်သာလှမ်းလှမ်းကြည့်နေရသည်။

သူရေသွားသောက်ဖို့ ထတုန်းရှိသေး။ ဖုန်းက အသံမြည်လာတော့ ရင်ခုန်စွာ နဲ့ လှည့်လိုက်တော့ သေချာပါတယ် ဖုန်းဆက်တဲ့သူက သူရင်ထဲက မျှော်လင့်နေရတဲ့ သူ့ရဲ့ တစ်ဦးတည်းသောကောကောပါပဲ။

အရင်လိုပုံစံမျိုးသာဆို ဟိုပြေးဒီပြေးနဲ့ ပျော်ပျော်ကြီး ဖုန်းပြောတော့မှာဆိုပေမယ့် အခုအခြေအနေကတော့ သူ့အတွက် နည်းနည်းရှော့ ရှိနေတော့ စကားကိုထိန်းပြီး ပြောမယ်လို့သာ စိတ်ကူးပြီးဖုန်းကိုင်လိုက်သည်။

' ရိပေါ် '

ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ ကော အသံလေး။ ညင်သာ နေလိုက်တာ။ ကရုဏာ အပြည့်နဲ့ကိုခေါ်လိုက်တဲ့အသံအနေအထားမျိုး။ သူနည်းနည်းတော့စိတ်အေးသွားသည်။

' ဟုတ် ကျွန်တော် နားထောင်နေပါတယ်'

' အင်း ရိပေါ် ကောကို မုန့်တွေ နှစ်ရက်ဆက်တိုက်ပို့ပေးလို့ ကျေးဇူးတင်တယ်နော် အဲ့တာလေး ပြောချင်လို့ အခုထိမပြောရသေးဘူးမလား အဲ့ဒါ စဉ်းစားပြီးအားနာလာလို့ '

ဆူးWhere stories live. Discover now