ဆူး - Part 8

7.8K 638 25
                                    

[ Zawgyi ]

ဘာလိုလိုနဲ့ ဖြေလာခဲ့တဲ့ စာမေးပွဲကြီးကတော့ပြီးဆုံးသွားပြီ။ စာမေးပွဲရက်တိုင်းမှာ တရက်မှမပျက်ရအောင် ရိပေါ်က ရှောင်ကျန့်ကို ဂရုတစိုက်နဲ့ဘေးမှာရှိနေတာမို့ ရှောင်ကျန့် သိပ်တောင်မပင်ပန်းခဲ့။

သူက အခုဆို Third year တောင်ပြီးသွားပြီ။ ကျောင်းတက်ဖို့က နောက်တနှစ်ပဲကျန်တော့တာ။ တစ်နှစ်ဆိုတဲ့ အချိန်ဟာ ဘယ်လောက်မှ မကြာဘူးမဟုတ်လား။ ဒီကျောင်းကြီးနဲ့သူခွဲခွာရတော့မယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း ယွီပင်းကိုရော အခြား အတန်းဖော်တွေရော ပြီးတော့သူ့ကိုအစစအရာရာ ဂရုတစိုက်နဲ့ ကလေးတယောက်လိုစောင့်ရှောက်ပေးနေတဲ့ ရိပေါ်နဲ့ရော။ ဒါတွေကိုတွေးပြီးသူ သက်ပြင်းသာချနေမိသည်။

ရိပေါ်ကတော့ စာမေးပွဲလဲပြီးပြီ။ ညနေလဲ ကောနဲ့  shopping ထွက်ရမယ်ဆိုတာကိုတွေးပြီးသာ ပျော်နေမိသည်။

' ကော ရေချိုးပြီး စောင့်နေနော် ကျွန်တော် ၃နာရီလောက် ကောကိုလာခေါ်မယ်'

' အင်း ဟုတ်ပြီ။ ဘာလေးဝတ်ရင်ကောင်းမလဲမသိဘူး'

' အဆင်ပြေတာသာဝတ်ခဲ့ ကောက ကြွပ်ကြွပ်အိတ်စွတ်ပြီးလာရင်တောင်ချောတာမို့လို့'

' ဒီကလေး ကောကို လာမြှောက်နေပြန်ပြီ'
-----------------

ရိပေါ် ကတော့ အိမ်ရောက်ရောက်ချင်းပဲ ရေချိုးပြီးတော့ ကြည့်အကောင်းဆုံးဖြစ်အောင် ဗီရိုထဲက အင်္ကျီ တွေကို တထည်ပြီးတထည်ဝတ်ကြည့်သည်။ ၆စုံလောက်ဝတ်ကြည့်ပြီးသည်အထိသူစိတ်တိုင်းမကျ ။ နောက်ဆုံးကျမှ သူ မိုးပြာရောင်အင်္ကျီ လေးနဲ့ အောက်က ဘောင်းဘီအဖြူလေးဝတ်ဖို့ဆုံးဖြတ်လိုက်သည်။

ဘာဝတ်ဝတ်သူနဲ့လိုက်ဖက်မှုရှိတယ်ဆိုတာ အထူးတလည်ပြောစရာမလိုပေမယ့် ဒီ မိုးပြာရောင်အင်္ကျီ လေးနဲ့ကျတော့ လူငယ်ဆန်ဆန်တက်ကြွတဲ့ပုံစံလေးနဲ့ ရိပေါ်ကို တမျိုး ဆွဲဆောင်မှုရှိနေစေသည်မှာအမှန်ပင်။

သူရေမွှေးတွေကို အချက်ပေါင်းများစွာစွတ်လိုက်ပြီး သူ့ကိုယ့်သူလုံးဝ ယုံကြည်မှုရှိလောက်တဲ့ အခြေအနေကျမှ ကားသော့ကိုယူကာ အောက်ထပ်သို့ဆင်းလာသည်။

ဆူးWhere stories live. Discover now