ဆူး- Part 2 အမှတ်တမဲ့မှ အမှတ်တရသို့

16.1K 896 14
                                    

[ Zawgyi ]

ဒီလိုနဲ့ရှောင်ကျန့်ဟာ သူ့မွေးစား မိဘများရဲ့ အရိပ်အောက်မှာပဲ ကြီးပြင်းလာခဲ့လေသည်။

သူရဲ့ချောမောပြေပြစ်သောရုပ်ရည်ကြောင့် State ကျောင်းသားဘဝမှာပင် မိန်းကလေးများရဲ့စိတ်ဝင်စားမှုအများဆုံးရတဲ့ ကျောင်းသားတယောက်အဖြစ် နာမည်ကြီးခဲ့သည် ရှည်လွန်းသောအရပ်အမောင်း ဖြောင့်မတ်လှသော ခန္ဓာကိုယ် ဖြူစင်ချောမွေ့သောအသားအရေ မျက်နှာအစိတ်အပိုင်းအားလုံးဟာလဲ အပြစ်တင်ရက်စရာနေရာတကွက်မှ မရှိသည့်အပြင် မိန်းကလေးများ အရှံးပေးရလောက်အောင်ကျော့ရှင်းသောအလှမျိုးကိုသူပိုင်ဆိုင်ထားသည်။

တက္ကသိုလ်ကျောင်းသားဘဝမှာလဲ ပထမနှစ်မှာပင် The whole king ဖြစ်လို့ ရှောင်ကျန့်ဆို မသိတဲ့သူခပ်ရှားရှား ဖော်ရွေတတ်သူလဲဖြစ်တာကြောင့် လူတိုင်းနှင့် အလွယ်တကူမိတ်ဆွေဖြစ်သွားတာချည်းပဲ.ယခုတော့ တတိယနှစ်ကျောင်းသားကြီးမို့ သူ့မှာမိတ်ဆွေအပေါင်းအသင်းဆိုတာ လက်ချိုးရေလို့ပင်မကုန်။

ဒါပေမဲ့သူနဲ့အတွင်းကျကျပေါင်းတာကတော့ ယွီပင်း တယောက်သာ ဘယ်သွားသွားအတူတူပင်။(ယွီပင်း က The untamed ထဲက ဝမ်နင်း ဖုတ်လေးပါနော်)

မနက်သူတို့နှစ်ယောက်ကျောင်းဝန်းထဲလမ်းလျှောက်လာစဉ် ကျောင်းသူမိန်းကလေးတဦးက

'ရှောင်ကျန့်ကော နေပါအုန်း ညီမက ဒီ uni က first year ကျောင်းသူ ဝမ်ရှင်းပါ အမှန်အတိုင်းပြောရရင် ညီမ ကောကောနဲ့အရမ်းမိတ်ဆွေဖြစ်ချင်နေတာ'

ဆိုပီး ပြုံးပြကာပြောသည် ။
ရှောင်ကျန့်ကတော့ထုံးစံအတိုင်း ကောင်မလေးကို

'ရပါတယ် ကောက ခင်တတ်ပါတယ်'ဟု
အလိုက်အလျောပြောပီး ခပ်သွက်သွက်ထွက်လာခဲ့သည်။
ယွီပင်းကတော့သူ့နောက်အမှီလိုက်ပီး

'ရှောင်ကျန့် မင်း ရူးနေလား အဲ့ဒါ first year က The whole queen နော် မင်းမို့လို့ အလွတ်ခံလိုက်တာလား'
ရှောင်ကျန့်က ယွီပင်းဘက်လှည့်လာပီး ပြုံးပြတယ် ပီးတော့

'ငါမင်းကိုပြောထားတယ်လေ ငါအခုချိန်မှာစာကိုပဲအာရုံစိုက်မယ် ရည်းစားထားတာက နောက်မှပါဆို နောက် ကောင်မလေးတွေနဲ့ငါ့ကိုလိုက်မစနဲ့ကွာ ' ဟုခပ်ပြတ်ပြတ်ပြောလွှတ်လိုက်ပီး ရှေ့ဆက်လျှောက်ဖို့ပြင်သည်။
ယွီပင်းက ရှေ့ဆက်ဖို့ပြင်နေတဲ့ ရှောင်ကျန့် လက်ကိုလှမ်းဆွဲထားလိုက်ပီး
'ဘာလဲ မင်းက မိန်းကလေးတွေနဲ့စတာ မကြိုက်ဘူးပေါ့ ဒါဆိုလဲနောက်ဆို ယောကျာ်းလေးတွေနဲ့ပဲလိုက်စတော့မယ်နော်' ဆိုပီး မျက်စပစ်ကာပြောသည်။
ရှောင်ကျန့်ကတော့ မျက်စောင်းတချက်ပစ်ထိုးလိုက်ပီး စာသင်ခန်းဆီသို့သာ ဦးတည်လေသည်။
----------------------
အချေမင်းသားလေး ဝမ်ရိပေါ်ကလဲ သူ့ major မှာတော့ နာမည်အကြီးဆုံးကျောင်းသား စာကလဲတော် မိဘအသိုင်းအဝိုင်းကလဲ ငွေကြေးတောင့်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကိုဖြစ်လို့ ။

ဆူးWhere stories live. Discover now