ဆူး - Part 4 အသက်ဝင်လာသောနှလုံးသား

10.6K 840 8
                                    

[ Zawgyi ]

ရိပေါ် အတန်းထဲရောက်တော့လဲ စာထဲကိုစိတ်မပါဘဲ ခုနက ရှောင်ကျန့် သူ့ရင်ခွင်ထဲရောက်လာတဲ့ အဖြစ်အပျက် ကိုပဲ တွေးနေမိသည်။

အရင်ဆို စာအပေါ်စိတ်နှစ်လုပ်တတ်သောရိပေါ်သည် ကျန့်ကောနှင့်တွေ့မျှ စိတ်ဂနာမငြိမ်ဖြစ်လာသည်။ ဒါကိုသတိထားမိတဲ့ရှီးချန်ကတော့

' ဘာဖြစ်နေတာလဲ ရိပေါ် မင်း ဘာလို့ စာအုပ်ကြီးကြည့်ပီး ငိုင်နေတာလဲ အရှေ့က ဆရာကိုလည်း အားနာပါအုန်း ဘာလဲ မင်းမှာကောင်မလေးရှိနေပီလား '

' ဘယ်ကကောင်မလေးရမှာလဲ ငါ့ဘာသာ ငါ ခေါင်းကိုက်နေလို့ စာကိုစိတ်မပါဖြစ်နေတာ '

' အေး အေး ငါကမသိဘူးဆိုတော့ ခေါင်းကိုက်နေတဲ့ရုပ်ကြီးကလဲ မပြောချင်ဘူး မင်း မလိမ်နဲ့ မင်းကိစ္စတခုခုရှိလာတယ်မလား'

' ဘာကိစ္စရှိရမှာလဲ တော်ပီကွာ မင်းနဲ့ဆက်မပြောချင်တော့ဘူး '

ရိပေါ်သူ့ကိုယ်သူတော့ထူးဆန်းနေတာအမှန်ပင်။ဘာလို့ဒီလိုသူစိမ်းယောကျာ်းလေးတယောက်နဲ့ နီးနီးကပ်ကပ် ထီးလေးဆောင်းတာကို ရင်ခုန်ချင်နေရတာလဲ။ပီးတော့သူ့စိတ်ထဲမှာ ရှောင်ကျန့်ကိုပဲ ထပ်တွေ့ချင်နေသည်
ကျန့်ကော ပြောတဲ့ ချိုသာသော စကားလုံးလေးများကို သူနားဆင်ချင်သည်။

သူ့ကိုငယ်ငယ်ကတည်းက သူ့မာမား တယောက်ကလွဲရင် ဘယ်သူကမှဒီလိုချော့မော့ပြောဆိုတာမျိုးကိုမခံခဲ့ရပေ။ ဒါကြောင့်လဲ ကျန့်ကောကိုဒီလို အချိန်ခဏလေးအတွင်းမှာပဲ အရမ်းများစွဲစွဲလမ်းလမ်း ခင်ချင်မိနေတာလား ဒီထက်ပိုတဲ့ ခံစားချက်များရှိနေတာလားဆိုပီး လဲတွေးသည်။

စာသင်ချိန် နှစ်ချိန် သုံးချိန်သာ ကုန်သွားတယ် ဘာစာတွေသင်လို့သင်လိုက်မှန်း သူမသိဘူး မထူးဘူးဆိုပီး ရှီးချန်ကိုခေါ်ကာ canteen ကိုသာထွက်လာခဲ့ကြသည်။

အရင်ဆိုတည်ငြိမ်သလောက်ရိပေါ် ဟာ ဒီနေ့ကျတော့ထူးထူးဆန်းဆန်းခေါင်းကို canteen တပတ်လုံးလှည့်ပီး မသိစိတ်က ရှောင်ကျန့်ကိုလိုက်ရှာနေလေသည်။

သူတို့နှစ်ယောက်မုန့်ဝယ်လို့ပီးလို့ အခန်းထဲပြန်ဝင်တော့မယ့်အချိန်အထိ ရှောင်ကျန့်ကိုတော့ သူမတွေ့ခဲ့ပါ။
-------------
ဒီလိုနဲ့ အိမ်ပြန်တော့ ရှောင်ကျန့်နေတဲ့ စွတ်ချန်လမ်းမကြီးက ဖြတ်ပြီးသွားရတာဆိုတော့ ရှောင်ကျန့် ပြောထားတဲ့ ပထမဆုံး နှစ်ထပ်တိုက် ဆိုတာလေးကိုရိပေါ် သတိထားကြည့်လိုက်သည်။

ဆူးWhere stories live. Discover now