ဆူး - Part 19 The first kiss❤️

5.8K 478 36
                                    

[ Zawgyi ]

ရိပေါ်ရယ် ကောအပေါ်သက်သက်ရက်စက်ခဲ့တာလား။ လက်ထပ်ရမယ့်မိန်းကလေးရှိရက်နဲ့ ဘာလို့များအဲ့လောက်ချစ်ပြနေနိုင်ရတာလဲ။ ဟုတ်ပါတယ်။ ငါကိုက အတွေးခေါင်သွားခဲ့တာ။ သူ့လို မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတဲ့ ကောင်လေးက ဘယ်လိုလုပ် ယောကျာ်းလေးဖြစ်တဲ့ ငါ့ကို feel လာပါ့မလဲ။

ငါတော်တော် အ ခဲ့တာပဲ။ မရှက်တမ်း သူ့ကားနဲ့ ကျောင်းသွားကျောင်းပြန်လုပ်တယ်။ အတန်းလစ်ပြီး date တယ်။ ငါရူးနေပီ ။ မဟုတ်ဘူး လုံးဝ ရူးသွားတာ။

တစ်ညလုံး လူးလိမ့်ပြီး အတွေးကမ္ဘာထဲ ချာချာလည်ကာ အရူးတယောက်လို လမ်းပျောက်နေလေတော့သည်။

အခုကစပြီး ရိပေါ်နဲ့လုံးဝ အဆက်အသွယ်ဖြတ်ဖို့သူတွေးလိုက်သည်။ ရှေ့ဆက်လဲ သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းဟာ ပန်းခင်းလမ်းမှမဟုတ်ခဲ့ပါပဲ။

ရိပေါ်ခါတိုင်းသူ့ကို ကျောင်းသွားဖို့လာခေါ်နေကြအချိန်ထက်စောပြီး စက်ဘီးလေးစီးကာ ကျောင်းသို့ သွားနှင့်သည်။

ရိပေါ်ကတော့ ထုံးစံအတိုင်း သူ့အချိန်ရောက်တာနဲ့
ရှောင်ကျန့်အိမ်ရှေ့ကိုကားဆိုက်လာခဲ့လေသည်။

အရင်ဆို ဟွန်းတီးစရာပင်မလိုအောင် ခြံထဲမှ ဖုန်းသုံးရင်သုံး မသုံးရင် ခြံထဲမှာ သူ့ကြောင်လေးနဲ့ဆော့ပြီး စောင့်နေတတ်တဲ့ ကျန့်ကောဟာ အခုတော့ ဟွန်း ၃ခါတီးတောင်ထွက်မလာချေ။

ရိပေါ် တော်တော်လေး
ပြာယာခက်သွားသည်။ တခုခုများဖြစ်နေလားဆိုတဲ့ အတွေးနဲ့ ချွေးတွေပင်ပျံတက်လာပြီး ကားပေါ်မှ အမြန်ဆင်းကာ အိမ်ပေါက်ဝကနေသာ နာမည်ကိုအတွင်တွင်ခေါ်သည်။

သော့ကြီးကလည်း ခပ်လျက်သားဖြစ်သည့်အပြင် ခြံထဲမှ သူ့ကောရဲ့စက်ဘီးလေးကိုလည်းမတွေ့ရတာကြောင့် သူအနည်းငယ်စိတ်အေးသွားသည်။

ဒါဆိုရင်တော့ သေချာပါပြီ။ သူ့ကောကော ကောက်
ပြီး ကျောင်းသွားနှင့်ပြီဆိုတာ ။ ကဲ အခုတော့ သူ့မှာလိုက်ချော့ရမည့် တာဝန်တခုပိုလို့လာပြန်ပြီဖြစ်သည်။

ကျောင်းရောက်တော့ရိပေါ် သူ့အခန်းထဲပင်မဝင်နိုင်ဘဲ ရှောင်ကျန့်တို့အဆောင်ဘက်ကိုသာ အရင်သွား
သည်။

ဆူးWhere stories live. Discover now