ဆူး-Part 3 အမှတ်တမဲ့မှ အမှတ်တရသို့သည်

12.1K 876 16
                                    

[ Zawgyi ]

ရိပေါ် ကတော့သူ့ကိုရှောင်ကျန့် ခိုးကြည့်လိုက်မှန်းသတိထားမိသွားသည် ဘာကြောင့်ရယ်လို့တော့သူမခန့်မှန်းတတ်။

ရှောင်ကျန့်နဲ့ ယွီပင်းကတော့ အခန်းတံခါးဝနားမှာလဲ ဆရာမထွက်ခင်အထိစောင့်နေလိုက်သည် ခဏနေ ဆရာထွက်သွားတာတွေ့တာနဲ့ယွီပင်းက

'ရှောင်ကျန့် မင်းသွားပေးလိုက် ငါအဲ့ကောင်နဲ့စကားမပြောချင်ဘူး ချေလို့ကြည့်မရဘူး'
ရှောင်ကျန့်ကိုအတင်းတွန်းပို့နေတော့ အခန်းရှေ့တည့်တည့်ရောက်သွားလေသည်။

အရင်ဆို လူတိုင်းနဲ့ဖော်ရွေတတ်တဲ့ ရှောင်ကျန့်တယောက်ဟာ ရိပေါ်ကိုစကားစပြောဖို့ကျမှ အနည်းငယ် ခက်ခဲနေသယောင်။

ဒါပေမဲ့ အခန်းရှေ့ကနေပီး ရိပေါ်ကို လက်တချက်လှမ်းပြလိုက်သည်။ ရိပေါ်ကတော့ သူ့ဘေးကလူကိုခေါ်တယ်အထင်နဲ့ ဘေးနှစ်ဖက်ကိုလှမ်းကြည့်တယ် ဒါပေမဲ့ ရှောင်ကျန့်က သူ့ကို ယုန်သွားလေးတွေပေါ်အောင်ပြုံးပြပီး ရိပေါ်ကို တည့်တည့်လက်ညှိုးတချက်ထိုးပီး ခေါင်းငြိမ့်ပြလိုက်တယ်

ရိပေါ်လဲ သူ့ကိုခေါ်တယ်ဆိုတာနဲ့ အခန်းတံခါးဝကိုထွက်လာတော့ ရှောင်ကျန့်က
' ဒါ ဝမ်ရိပေါ် ရဲ့ ဖုန်းလားဟင် '
ဆိုပီး သိမ်သိမ်မွေ့မွေ့ ပြောတယ်
ရိပေါ်က ရှောင်ကျန့်လက်ထဲက ဖုန်းကို လှမ်းကြည့်ပီး

'ဟုတ်တယ် အဲ့ဒါကျွန်တော့ဖုန်း '
ဆိုပီး ရှောင်ကျန့်လက်ထဲက ဖုန်းကိုဆွဲယူလိုက်တယ် ပြီးတော့မှ
'အော် ကျေးဇူးတင်ပါတယ်'ဆိုပီး ခပ်ပြတ်ပြတ်ပြောပြီး အခန်းထဲက သူ့နေရာကိုပြန်သွားပီး ခပ်တည်တည်သာထိုင်လိုက်တယ်

ရှောင်ကျန့်ကတော့ အခန်းတံခါးဝမှာ ကျောက်ရုပ်ကြီးလိုပဲ မတ်တပ်ကြီးရပ်ပီး ကျန်ခဲ့ရော စိတ်ထဲမှာတော့
(ဒါပဲလား ကျွန်တော့်ဖုန်းကိုပြန်လာပေးလို့ကျေးဇူးတင်ပါတယ် ကျွန်တော်က ဝမ်ရိပေါ်ပါ ဆိုပီး မမိတ်ဆက်တော့ဘူးလား ဘယ်လိုတောင် လူမှုရေးညံ့တဲ့ကောင်လေးလဲ) ဆိုပီး အတွေးပေါင်းများစွာနှင့် စာသင်ခန်းထဲက ခုံပေါ်မှာ ခပ်တည်တည်မျက်နှာပေးနှင့် ထိုင်နေသော ရိပေါ်ကိုသာငေးကြည့်နေမိသည်။

ဆူးDonde viven las historias. Descúbrelo ahora