ဆူး - Part 16 ကျန်းချန်ရေးတဲ့ဖူးစာ

5.6K 529 21
                                    

[ Zawgyi ]

ဝရန်တာမှာ မျက်စိကြီးမှိတ်ပြီးထိုင်နေတဲ့ ရှောင်ကျန့်ကို ကျန်းချန် အနောက်ကနေ ကျောကုန်းကိုလှမ်းပုတ်လိုက်သည်။

ရှောင်ကျန့်ကတော့ အတွေးကမ္ဘာထဲလွင့်မြောနေတာ
ကြောင့်လန့်ဖျန့်ပြီးတကိုယ်လုံးပင်တုန်တက်သွားသည်။

' ကျန်းချန်ရာ အသံမပေးဘာမပေးနဲ့ လန့်လိုက်တာ'

' ငါခုနကထဲက ဒီနားရောက်နေတာ ။ မင်းကသာ မျက်စိကြီးစုံမှိတ်ပြီး ဘာတွေ feel နေလဲမှမသိတာ။မဟုတ်မှလွဲရော ဟို ဝမ် ဝမ်ရိပေါ် ဆိုတဲ့ တယောက်
အကြောင်းတွေးနေတာလား'

ဝမ်ရိပေါ် ဆိုတဲ့ နာမည်ကြားတာနဲ့ ရှောင်ကျန့် ဂနာမငြိမ်တော့။ စိတ်တွေဟာ အရင်လိုတည်ငြိမ်မနေတော့ချေ။အတင်း မျက်နှာကြီးအောက်ချရင်းသာ ဇွတ်အတင်း
ငြင်းတော့သည်။

' ဘယ်ကသာ။ ငါက သူ့အကြောင်းဘာလို့တွေးရမှာလဲ။ ပြီးတော့ ငါနဲ့သူနဲ့က ဘာမှမဟုတ်ပါဘူး။ မင်းတမျိုးမထင်ပါနဲ့နော်'

ကျန်းချန် ရှောင်ကျန့်ရဲ့ပခုံးတဖက်ကိုဆုပ်ကိုင်လိုက်ပြီး
ပြုံးကာပြောသည်။

' မင်းနဲ့ငါက ငယ်ငယ်ထဲကပေါင်းလာတဲ့ သူငယ်ချင်းတွေပါကွာ။ မင်းမျက်နှာကိုကြည့်တာနဲ့မင်းဘယ်လိုခံစားနေရတယ်ဆိုတာ ငါအလိုအလျောက်သိတယ်။

မင်းဘယ်လိုပဲ အဲ့ကောင်လေးနဲ့ဘာမှမဟုတ်ပါဘူးလို့ လိမ်နေပေမယ့် မင်းမျက်လုံးတွေကတော့ ငါ့ကိုအမှန်အတိုင်းဝန်ခံနေပါတယ်'

ရှောင်ကျန့်လဲ ဒီအချိန်မှာရှက်တာပဲသိတော့သည်။
အနည်းဆုံး ကျန်းချန်ကိုတော့ သူရင်ဖွင့်လို့ရမည်ဟုထင်သည်။ကျန်းချန်ကရှက်ရမယ့်သူငယ်ချင်းလဲမဟုတ်သလို သူဘယ်လိုပဲဖြစ်နေနေ သူ့ကို ငြိုငြင်သွားမယ့် သူငယ်ချင်းလဲမဟုတ်တာတော့ သူနားလည်သည်။

' အင်း။ ငါ ငါလေ သူ့အပေါ်ခံစားချက်ရှိနေတယ်ထင်တယ်'

' အင်း။ ငါ ဟိုနေ့ကတည်းက ခန့်မှန်းမိပါတယ်။ အဲ့ကောင်လေး ငါ့ကို ကြည့်တဲ့ အကြည့်တွေမှာ မင်းကိုငါက လုယူသွားမှာစိုးလို့ သဝန်တိုနေတဲ့ စိတ်တွေအပြည့်ပဲ။

ဆူးWhere stories live. Discover now